AD Vs Actor

327 65 8
                                    

L 3 : ထိုင်ဝမ့် မျှော်လင့်ချက် နဲ့ ဂျပန့်
ရတနာလေး
.............................................................

ထိုင်ဝမ်မြေမှာ ပြန်မွေးဖွားလာခဲ့ပြန်
တယ်။ မူလဘဝက မိဘတွေတော့ မဟုတ်ဘူး။ နတ်ဘုရားတွေက သူ့ကို
ချစ်ပုံတော့ ရတယ်။ ဒီလောက် ဂလန်
ကဆန်တွေ လုပ်နေတာတောင် မိဘ
ကောင်းတွေလက်ထဲ အမြဲထည့်ပေး
တယ်။ ဒီတစ်ဘဝမှာတော့ သူဟာ တိုင်
ပေ မြို့လယ်ခေါင်မှာမွေးဖွားလာတယ်။
ထူးဆန်းတာ ပြောရရင် သူ့အဖေက
သူလေးစားအားကျတဲ့ မင်းသားကြီးဖြစ်နေပြီး မူရင်းဘဝမှာလိုပဲ မင်းသား
ကြီးက သူတို့ထိုင်ဝမ်ပါ မက ပေကျင်း
ဟောင်ကောင် ၊ မကာအို ကိုကျော်ပြီး
ဟောလိဝုဒ်အထိတောင် ကျော်ကြား
တယ်။ ဒါပေမဲ့ မူရင်းဘဝက နာမည်
နဲ့တော့ မဟုတ်ဘူး။ သူ့မျိုးရိုးနာမည်ကအစမြတ်နိုးပုံရတဲ့ နတ်ဘုရားက အဖေနာမည်မျိုးရိုးမှာ Lin ပါခဲ့ပြီး သူ့နာ
မည်လည်း မူရင်းနာမည် Lin Zi Hong
ပဲဖြစ်စေတယ်။
ကျောင်းတက်တော့ရတဲ့ Nickname ကလည်း Sammy. အမေဆိုလည်း အဖေလောက် မကျော်ကြားပေမဲ့ သူ့ခေတ်သူ့အခါက နာမည်ရ မင်းသမီးတစ်လက်ပဲ။ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ပြေပြစ်တဲ့ ရုပ်ရည်ရှိလို့ သူ့ကို အမေတူတယ်လို့လူတိုင်းက ပြောကြတယ် ။ ထုံးစံအတိုင်း နာမည်ကြီး မိဘတွေကြောင့်သူက ရိုးရိုးကုပ်ကုပ်ပဲလူငယ်ဘဝကိုဖြတ်သန်းရင်းအနုပညာကျောင်းတက်ခဲ့ရတယ်။
မင်းသားတို့ Idolတို့ထက် ဒါရိုက်တာ
အရူးအမူးဖြစ်ချင်စိတ် ၊ ဗီဇကို ငယ်ငယ်တည်းက ပြခဲ့တာ။ ကြီးလာရင်မင်းသားအတင်းလုပ်ခိုင်း၊ အသံကနား
ထောင်ကောင်းတယ်ဆိုပြီး Boy Group
တွေထဲ အတင်းမသွင်းအောင် သူက
အမေ ၊ အဖေ သူ့မျက်စိရှေ့ရောက်တာနဲ့ ရုပ်ရှင်ရိုက်ခိုင်းတာပဲ။ သူပြောတဲ့
ဇာတ်ညွှန်းအတိုင်းလုပ်ကြ၊ မလုပ်ရင်
ကြမ်းပြင်မှာ လှိမ့်ငို ၊ နည်းနည်းလေး
အရွယ်ရောက် လူပျိုအရွယ်ရောက်တော့အခန်းအမှောင်ကျပြီး စိတ်ကောက်ပြတာတွေ နဲ့ ပညာတွေခင်းပြခဲ့တယ်။
အမေ နဲ့ အဖေကတော့ အင်တာဗျူး
တွေတိုင်း သူ့အကြောင်းကို ဟာသလေး
အဖြစ်ပြန်ပြန်ပြောကြတော့ သူက တခြား ကလေးသရုပ်ဆောင်တွေလိုရုပ်
ရှင်မရိုက်ပေမဲ့ လူထုက သတိပြုမိနေ
တယ်။ Lin Zi Hongကို ထိုင်ဝမ်အနု
ပညာအသိုင်းအဝိုင်းက ဒါရိုက်တာဖြစ်
လာဖို့ မျှော်လင့်ကြတယ်။ အားလုံးရဲ့
မျှော်လင့်ချက်ကို သူ့အသက် ၂၀ မှာ
ဖြည့်ဆည်း​ပေးနိုင်ခဲ့တယ်။ သူတို့ အနု
ပညာကျောင်းရဲ့ ဘွဲ့ပရော့ဂျက် မှတ်တမ်းရုပ်ရှင်လေးက အာရှရုပ်ရှင်
ပြပွဲတွေထိ ပြသခွင့်ရခဲ့တယ်။ သူလည်း အလားအလာရှိတဲ့ လူငယ်လေး
အဖြစ် အသိအမှတ်ပြုခံခဲ့ရတယ်။
သူ့ရဲ့ အနုပညာခရီးအစက ချောချော
မွေ့မွေ့ပဲ။ အဖေ့အသိ ၊ အမေ့အသိ တွေ
ရဲ့ လက်ထဲအပ်ပေးတယ်။ အဲ့ဆရာ
တွေထဲ သူနဲ့ ကီးအကိုက်ဆုံးဆရာက
Mr.Wu ပဲ။ ဆရာက လူငယ်ဆန်ပြီး
ပေါ့ပါးတယ်။ ဟိတ်ဟန်မရှိဘူး။ ဒါပေမဲ့ အလုပ်ကိုသေချာလုပ်တယ်။
စီးပွါးရေးထက် အနုပညာဆန်ဖို့ကို
ပိုအားစိုက်တယ်။ ပိုက်ဆံမလိုတဲ့ သူ့
အတွက် Mr.Wu က လေးစားစရာကောင်းသလို Mr.Wuအတွက်ကလည်းသူက ခြေရာနင်းနိုင်မယ့် တပည့်
အဖြစ် မြင်နေတယ်။ သူတို့ တွဲပြီး အလုပ်တွေလုပ်ကြတာ ကြာပြီ။
အခုလည်း သူမာစတာဘွဲ့ယူစာတမ်းလုပ်နေတုန်း Mr.Wuက ဖုန်းဆက်လာတယ်။

NANI?Место, где живут истории. Откройте их для себя