Mentor Vs Rookie

591 88 5
                                    

L 1: Rapper , Dancer & Virtual

----------------------------------------------------
LinZiHong သည်လူကသာ အလုပ်တွေကိုအမှားမရှိလုပ်နေပေမဲ့ သူ့စိတ်က မိန်းမငယ်လေးအသွင်ဖြင့် လာရောက်နှုတ်ဆက်သွားသော Nini ဆီမှာသာ...

အနှစ်၂၀ နေပြီးခါမှ Niniကိုပထမဆုံး
အကြိမ်ပြန်တွေ့ရခြင်း။ ဘာလို့ ဒီအရွယ်မှ Niniက ရောက်လာရသည်လဲ။ YangYuTeng နှင့်တွေ့ဆုံချိန်ကျ
ရောက်လာ၍လား။ ထိုအတွေးက သူ့
ရင်တွေကို တဒိတ်ဒိတ်ခုန်လာစေသည်။
ငယ်ရွယ်ပျိုမြစ်သော အသက်၂၀အ
ရွယ်၏ ရင်ခုန်သံက MRT တစ်စီးဖြတ်
ခုတ်မောင်းနှင်လိုက်သည့်နှယ်...

မူရင်းဘဝတွင် အသက်၂၈ မှာတွေ့ခဲ့တာတောင် သူ့မှာ အသက် ၊  ဝါ ၊ စီနီယာကျမှု စသည်တို့နှင့်အတင်းဖုံးကာထားခဲ့ရ၏။ ရှေ့မှာ အတွေ့အကြုံတွေရှိခဲ့ပြီးတာတောင် YangYuTeng ၏ ချစ်
ရေးဆို အနမ်းတစ်ခုမှာ သူဟာ ညှို့ငင်
ဖမ်းစားခံလိုက်ရသလိုဖြစ်ခဲ့သည်မှာ
မနေ့တစ်နေ့ကလိုပင်။ အခုထိ အသေး
စိတ်မှတ်မိနေဆဲ။ ဒီဘဝမှာ...ရည်းစား
ဆိုတာ ဂျိုနဲ့လားဟုပြန်မေးရမည်ဖြစ်
ပြီး အနမ်းဆိုသည်က မင်းသားလေးကို
လွမ်း၍ သူမွေးထားသော ပါရှန်​အမျိုးအစား (သခင်လေး)နှင့်သာရှိသည့်အရာ...

ဖြတ်သန်းလာခဲ့ရသည့် ဘဝကိုပြန်တွေးကြည့်ပါက...
အမေက ပညာရေးနယ်ပယ်တွင်အများ
လေးစားအားထားခံရသူ အရှေ့တိုင်း
ယဥ်ကျေးမှုတက္ကသိုလ်ပါမောက္ခ ၊ အဖေသည်ကား ပညာရေးနယ်ပယ်မှ နိုင်ငံရေးနယ်ပယ်သို့ကူးပြောင်းလျက်
သူ Debutသည့်နှစ်တွင် ပညာရေးဝန်
ကြီးဖြစ်လာ၏။ ထိုသို့သော ပညာရေး
မိသားစုတွင် သူသည်လည်း ငယ်စဥ်
တည်းက ပညာရေးကိုအလေးထားကြိုးစားခဲ့ရသည်။ မိဘများဂုဏ်
ကြောင့် နိုင်ငံရေးလှည့်ကွက်များထဲမဝင်မိစေရန် အုပ်စုလိုက် Blind dating
များပင်သူမလိုက်ဖူးခဲ့။ မိဘများ၏ အရှိန်အဝါကြောင့် မော်ကြွားမည့်အစားသူက သိုသိုသိပ်သိပ်သာနေထိုင်ခဲ့ရသည်။ မူရင်းဘဝအထုံကြောင့် သူဟာ
အသက်ထက် များစွာရင့်ကျက်နေခဲ့ပြီးမိဘများကိုယ်တိုင် သူ၏ ရင့်ကျက်မှုကို ထုတ်ဖော်ချီးကျူးပြီး သူ့ဆုံးဖြတ်
ချက်တွေကို လေးစားပေးခဲ့ကြသည်။အထက်တန်းပထမနှစ်တွင် ယခုEntertainmentမှ မန်နေဂျာက သူ့ကို ကျောင်းပွဲတော်တွင်တွေ့ပြီး ရွေး
ချယ်ခဲ့သည်။ အသက် ၁၅နှစ်မပြည့်ခင်
သူဟာ Kpop waveကို ဦးဆောင်နေ
သည့် Entertainmentကြီးတွင် Traineeဖြစ်ခဲ့ရ၏။ လွယ်လွယ်ကူကူ
သင်ယူတတ်မြောက်ခြင်း ၊ ပါရမီရှိခြင်း ၊ မိဘနောက်ခံကောင်းမွန်ခြင်း
စသည့်ဂုဏ်ထူးများနှင့် သူသည် ၁၇
နှစ်မပြည့်ခင် အဖွဲ့၏ Main Vocalist
Virtual တစ်ယောက်ဖြစ်လာခဲ့၏။
မူရင်းဘဝတွင် SpeXial၏ First Generation ဖြစ်ခဲ့သော်လည်း အခု
တွင် Maknae အဖြစ် အဖွဲ့ဝင် ၆ယောက်လုံး ၏ ဦးစားပေးချစ်ခင်ခြင်းကို အပြည့်အဝရခဲ့သည်။ အဖွဲ့၏
အငယ်ဆုံးဆိုသော်လည်း သူ၏ သြရှ
သော အသံကြောင့် စီနီယာIdolများ၏
သဘောကျခြင်းကိုရရှိခဲ့သလို Dancing Machine ဟု နောက်ပြောင်
ခံရသည်အထိ သူ၏ အက အား
နည်းခြင်းသည်လည်း ဝေဖန်ထောက်ပြ
စရာထက် ချစ်စနိုးတစ်ခု ဖြစ်ခဲ့၏။
အပြိုင်အဆိုင်တွေများသောလောက
ပေမဲ့ အားလုံး၏ ချစ်ခင်ချီးမြှောက်ခြင်းတွေကို ရရှိခဲ့ပြီး အခုဆို Debut
သက်တမ်း ၄နှစ်ပြည့်ခဲ့သည့် စီနီယာတန်းဝင် Idolဖြစ်ခဲ့ပြီ ။ စီနီယာသာ
ဖြစ်ခဲ့သော်လည်း၁၇နှစ်ဖြင့် Debutခဲ့
သော သူကတချို့သောနေရာတွေမှာ
ငယ်ရွယ်မှုကို ဝါ နှင့်ကာကွယ်ထားခဲ့ရ
သည်။ အငယ်ဆုံးပေမဲ့ ချစ်စရာအပြု
အမူတွေ လုပ်ခိုင်းရင် ဂျစ်တိုက်တတ်
သည့်သူ့ကို  နာမည်ပြောင်လည်းပေးကြသေး၏ ။ မူရင်းဘဝတွင် LLB
ဖြစ်ခဲ့ရပြီး အခုတွင်တော့ CEO ဖြစ်
နေပြီ။

NANI?Tempat cerita menjadi hidup. Temukan sekarang