Intro

1.8K 155 11
                                    

နတ်ဘုရားကနေ နာနီဖြစ်လာခဲ့တယ်

___________________________________
တိုင်ပေ ၊ ထိုင်ဝမ်

၂၁ရာစုအစောပိုင်းတွေက စလို့ လူသား
တွေဟာ ကိုးကွယ်မှုမဲ့ကြတယ်။ နတ်ဘု
ရားတွေကို တိုင်တည်ဆည်းကပ်တာ
တွေယာဇ် ပူဇော်ပသတွေကို ရှေးရိုးစွဲ
ခေတ်နောက်ပြန်တဲ့လုပ်ရပ်တွေလို့ မှတ်
ယူလာကြတယ်။ စက်မှုတော်လှန်ရေး
နောက်ဆက်တွဲ ရိုက်ခတ်မှုထက် ပြင်း
ထန်တဲ့ နည်းပညာပေါက်ကွဲမှုကာလ
အပိုင်းအခြားမှာ နတ်ဘုရားတွေက အ
ပူဇော်ကင်းတဲ့ သူတို့နတ်ကွန်းတွေဆီ
ကနေ စွန့်ခွါခဲ့ရတော့တယ် ။

ထိုစွန့်ခွာလာကြတဲ့ နတ်ဘုရားအသီး
သီးထဲ ဖူးစာရေးနတ်ဘုရား
Ai(အချစ်)လည်းပါဝင်ခဲ့တယ်။ သူက
ကောင်းကင်နန်းတော်က နတ်သူငယ်တွေထဲကတစ်ပါးပဲ။ သူလူ့ဘုံဆင်းပြီး
ဖူးစာရေးဖို့ တာဝန်ပေးခံရတာ ဘယ်
တုန်းကလဲဆိုတာ မသိတော့လောက်
အောင်ကြာခဲ့ပြီ။ မင်းဆက် အဆက်
ဆက်ခေတ်မှာတည်းက သူက ကျွန်း
လေးတစ်ကျွန်းကစစ်နတ်ဘုရားရဲ့
နတ်ကွန်းဝင်းထဲမှာ သူ့ကိုယ်ပိုင်နတ်
ကွန်းလေးတစ်ခုရခဲ့ဖူးတယ်။ အဲ့တုန်း
ကတော့ လူပျိုအပျိုတွေက သူ့ကိုအား
ကိုးကြတယ်။ သူ့နတ်ကွန်းမှာ အမွှေး
အိတ်နီနီလေးတွေချိတ်ပြီးတောင်းဆု
ပြုကြတယ်။ သူရေးတဲ့ဖူးစာကိုလူတိုင်း
အလိုရှိကြတယ်။ တကယ်တော့သူက
အဲ့လိုလာဘ်ထိုးလို့ရတဲ့နတ်ဘုရားတော့
ဘယ်ဟုတ်ပါ့မလဲ။ မိုးမြေအလိုတော်
အရ နဖူးစာမှာ ဖူးစာက အလိုလိုပါ
လာပြီးသား။ ဝိညာဥ်ဖက်ကို တစ်ပါတည်းခေါ်ပြီးရောက်လာခဲ့ကြ
တဲ့ လူတွေအတွက် သူက သင့်လျော်လိုက်ဖက်တဲ့ ဖူးစာရေးကို အခါတော်
ပေးလို့ပဲရတယ်။ တကယ်တော့ ဖူးစာ
ဖက်ဖို့ သူ မရေးပေးလည်းတွေ့ချင်တဲ့
အချိန်အခါ အကြောင်းအခွင့်တိုက်ဆိုင်
ရင် ဘယ်လိုမှ ရှောင်လွှဲလို့မရဘူး။ အဲ့
လိုပဲ ဖူးစာဖက်မဟုတ်ရင်လည်း သူ
ဘယ်လောက်ပဲ သဘောတူချင်နေပါစေ
မဆုံနိုင်ကြဘူး။ မိုးမြေကအလိုတော်
မရှိရင် ဘယ်လိုပဲဖြစ်ဖြစ်အကြောင်း
အရာမျိုးစုံနဲ့ ကွဲကွာကြရတာပဲ။

ဒီတော့ သူ့အလုပ်က ရိုးရှင်းတယ်။ သူ့
ကို လာဆုတောင်းတဲ့ လူတွေအတွက်
ဖူးစာကိုက်ရင် လှပတဲ့တွေ့ဆုံမှု၊ဒါမှ
မဟုတ် မြတ်နိုးဖွယ်အမှတ်တရတွေကို
အပိုဆောင်းထည့်ရေးပေးရတာပေါ့။
ဒီလောက်တော့ သူ့လုပ်ပိုင်ခွင့်ရှိတယ်
လေ။ မိုးမြေအလိုတော်ကျတဲ့ ဖူးစာဖက်တွေက သူရေးတဲ့ဖူးစာရေးကြောင့်
အမှတ်တရလှလှလေးတွေဖြစ်သွားကြ
ရတယ်။ Aiက အဲ့အတွက်လည်း ဝမ်း
သာတယ်။ သူ့အပိုင်စားရထားတဲ့ ကျွန်း
စုလေးမှာ သူတတ်နိုင်သလောက် လှပ
တဲ့ အချစ်ဇာတ်လမ်းလေးတွေဖန်တီး
ပေးခဲ့တယ်။

NANI?Where stories live. Discover now