(Mentor Vs Rookie)

1K 113 26
                                    

L 1 : Main Vocalist , Virtual & Dancing Machine

___________________________________

"မင်္ဂလာပါ...Aura ရဲ့..."

"Yahhh!!!SamLin Di Sukidesu!!
I'm from Japan"

သူ့အသံမထွက်ခင် စင်အောက်ကနေ
အော်ဟစ်ဆူပူလိုက်သော ဆယ်ကျော်
သက်မလေး။ ကိုင်ထားသောBanner
မိတ်ဆက်လိုက်သည့် အသံနေအသံ
ထား...အကုန်လုံးက ဝိုင်းရယ်သည့်
တိုင် သူ့မှာမရယ်နိုင်။ မျက်လုံးပြူးကာ
အတောင့်သားဖြစ်နေရပါသည်။ ဒါကို
ပင်

"Kawaiii...Gwiyoeyo" စသည့်ဖြင့်
ဆူညံ ပွတ်လော်ရိုက်ကုန်လျက် Fansite masternimတို့၏ ကင်မရာ
မီးတို့ တဖျပ်ဖျပ်လဲ့။

ဒါသည် Idol ဘဝပါပဲ။ အသက်၂၀
ကျော်စအရွယ် Idol ဘဝကို နောက်တစ်ကြိမ် ရွေးချယ်မိခဲ့သည်။ ဖူးစာ
ရေးနတ်တစ်ဖြစ်လဲ သူ၏ နာနီ၏ စိန်
ခေါ်မှုကို လက်ခံခြင်းက တကယ်ဖြစ်
လာခဲ့သည်။ ဖြစ်စဥ်တွေက Online
မှာနာမည်ကြီးလာသော ဝတ္ထုဆန်ဆန်
တွေပေမဲ့ ဒါတွေက အမှန်ဖြစ်နေ၏။

ထိုနေ့က...

ရုပ်ရှင်တွေမှာဆို အခုဇာတ်ကွက်ကို
အဖြူအမည်းနှင့်ပြမလား...
ဝါညက်ညက်ကာလာနှင့်တင်ဆက်
လေမလား။

ထိုင်ဝမ်မှာ ရွက်ဝါတွေဝေသည့်ရာသီ၊
နွေလေနွေးတို့ တိုက်ခိုက်နေသည့် ည
လယ်ခင်းတစ်ခု ၊
လူခြေတိတ်ဆိတ်သည့် လူလျှောက်လမ်းလေးတစ်ခု၏ မှောင်ရိပ်ကျသည့်
တစ်နေရာ...တိတိကျကျဆိုပါက ဇွန်မွှားပန်းရုံအကွယ်မှာ YangYuTengက
သူ့ကို ချစ်စကားဆိုခဲ့သည်။ ဖွင့်ဟမှုက
ခပ်ပြတ်ပြတ်ပါ။

"မင်း နဲ့ တကယ်တွဲချင်တယ်။ မင်း
ကို ငါ သဘောကျနေတာရပ်လို့မရ
တော့ဘူး ZiHong" တဲ့

သူ့အသက် ၂၈...ကျန်းမာသောယောကျာ်းတစ်ယောက် ဖြစ်လင့်ကစား
YangYuTeng၏ ရုတ်တရက်ကြွေလာ
သည့် အနမ်းကို သူမရှောင်ဖယ်နိုင်ခဲ့
ဘူး။ ပိုဆိုးသည့်ကိစ္စကိုပြောပြရရင်
သူဟာ အထက်တန်းစတက်ခါစ ဆယ်
ကျော်သက်လေးလို...အနမ်းဆိုတာကို
အခုမှ ခံစားဖူးသလိုလို ပုံစံတို့နှင့် ဖြစ်
နေခဲ့သည်။ သူ သတိဝင်လာတော့လည်း တုံ့ပြန်မှုက မသေမသပ်။ Yang
YuTengရင်ဖက်ကို ကမန်းကတမ်းတွန်းဖယ်မိ၏။ YangYuTengကို
ဘယ်သောအခါမှ အားမသုံးဖူးပေမဲ့
သည်တစ်ခေါက်က လိုတာထက် အားပါသည်။ YangYuTeng ခြေတစ်လှမ်း
နောက်ဆုတ်သွားရသည်အထိ။ မယုံနိုင်
အောင် အံ့သြနေသည့် YangYuTeng
ကို သူရယ်ပြမိသည်။ YangYuTeng
ပခုံးကို ခပ်ဆဆထပ်တွန်းလိုက်ပြီး

NANI?Where stories live. Discover now