"အိမ်ပြန်ဖို့​စော​သေးတယ်။ တစ်​နေရာရာ လိမ့်မလား ​နေ​သော်"

အတန်းထဲကထွက်လိုက်တာနဲ့ ဖြိုး​လေး​ခြေလှမ်း​တွေက​မြှောက်ကြွ​နေ၏။ စန္ဒာ​ဇော်ဝင်းနဲ့ရန်ဖြစ်သတ်ဖြတ်ခဲ့တာ သူမဟုတ်​တော့သလို။

"အခုတ​လော ညီမ​လေးကိုမကြိုဖြစ်တာကြာပြီ။ မာမီ့ကားပဲလွှတ်​နေရတာ။ ဒီ​နေ့​တော့ ငါသွားလိုက်ဦးမယ်"

"ငါလည်း ဘယ်မှသွားလို့မရဘူး။ ငါ့အစ်ကို gym ခန်းအသစ်ဖွင့်ဖို့လုပ်​နေလို့။ ည​နေကျ ဆိုင်သွား​စောင့်​ပေးရဦးမယ်"

ရဲဘုန်းပါငြင်းလိုက်တာမို့ ဖြိုး​လေးမျက်နှာရှုံ့မဲ့သွား၏။

"မင်းတို့​ကောင်​တွေ ငါ့ကိုမချစ်​တော့တာ သိ​ပါတယ်။ ဒီနှစ်ထဲ အမြဲ​ရှောင်ဖယ်​ရှောင်ဖယ်နဲ့"

"မျက်နှာဆိုးနဲ့ ဒွမ်မာချိုးမ​နေနဲ့။ မသနားဘူး"

ရဲဘုန်းက သူ့ဝသီအတိုင်း အားမနာတမ်း​ဝေဖန်၏။ စန္ဒာ​ဇော်ဝင်းနဲ့သတ်ခဲ့တဲ့ ဖြိုး​လေးလက်ကျန်အရှိန်က ရဲဘုန်း​ကျောပြင်​ပေါ်​ရောက်သွားသည်။ တက္ကသိုလ်ရဲ့အ​ငွေ့အသက်က ​theatre ထဲကထွက်လာကြတဲ့​ကျောင်းသား​ကျောင်းသူတို့ရဲ့ပုခုံးနှစ်ဖက်​ပေါ် ရနံ့ထုံထုံကူးလူးခုန်​ပေါက်​နေကြ၏။ ရယ်သံ​တွေက ပျိုမြစ်နုနယ်မှု​တို့ကို စက္ကန့်လက်တံ​တွေနဲ့ထပ်ကြပ်မကွာ မှတ်တမ်းတင်​ပေး​နေသည်။

​ရေ​ကြောင်းတက္ကသိုလ်ဝင်းထဲ ကား​​ကွေ့လိုက်ချိန် မိုးသားတိမ်မဲလွှာတို့က ​ကောင်းကင်ယံထက်မှာ အဆုပ်လိုက်အခဲလိုက်​ရွေ့လျား​နေ၏။ ​မေလကိုစွန့်ခွာခါနီး ​နေ့ရက်တို့ထဲ ဇွန်လရဲ့ ကနဦးမိုး​ပြေးရနံ့တို့ထုံလွှမ်း​လာ​နေကြသည်။ ညီမ​လေးဖုန်းက ဆက်သွယ်မှုဧရိယာပြင်ပက​နေ ပြန်ဝင်မလာ​သေး။ စာပို့​​တော့လည်း ​တော်​တော်နဲ့မ​ရောက်။ ဖယ်ရီမစီးတဲ့​ကျောင်းသားအချို့ ​​ကျောင်း​ဆောင်​တွေထဲက တ​ရွေ့​ရွေ့ထွက်လာကြတာကို မြင်​နေရသည်။ ညီမ​လေးကို လိုက်ပို့ရင်း ​ခြေချဖူးတဲ့ ​ကျောင်း​ဆောင်ပရဝုဏ်ထဲ​ခြေချဖြစ်၏။ သင်ယူရတဲ့ဘာသာရပ်​တွေမတူ​ညီပေမယ့် တက္ကသိုလ်ဆိုတဲ့ဖြစ်တည်မှုက မည်သည့်​ကျောင်း​သားကိုမဆို ​နွေး​ထွေးစွာ ​ကြိုဆိုပွေ့ဖက်တတ်မြဲ။ ပင်မဝင်​ပေါက်ကိုဖြတ်​ကျော်သွားတာနဲ့ သုံးထပ်​ကျောင်း​ဆောင်ရဲ့ ​အောက်ဆုံးထပ်မှာရှိ​နေတဲ့ ပထမနှစ်​အခန်း​တွေကိုလှမ်းမြင်​နေရသည်။ တချို့အခန်း​တွေမှာ ​ကျောင်းသားတစ်​ယောက်မှမရှိ။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Wo Geschichten leben. Entdecke jetzt