နှစ်ယောက်တည်းရှိချင်လို့ အမေကို သွားစေချင်မှန်း ချန်းယောလ်မျက်လုံးလေးတွေက တောင်းဆိုနေတာမို့ သူဌေးကတော်ပတ်က ချန်းယောလ်ပါးလေးကို ဖွဖွလေးဆွဲညှစ်ပစ်လိုက်သေးသည်။

“ကောင်စုတ်လေး. မျက်စိရှေ့မှာတင် ချစ်ရတဲ့သူကို ကာကွယ်ပေးနိုင်တဲ့အထိ ရင့်ကျက်လာပြီ”

ချန်းယောလ်က ပါးချိုင့်တွေပေါ်အောင်ရယ်ပြသည်။သူဌေးကတော်ပတ် ထွက်သွားပြီးသည့်အချိန်မတော့ ချန်းယောလ်က သူ့လက်တစ်ဖက်ကို မြဲမြဲဆုပ်ကိုင်ထားသည့် ဘတ်ဟျွန်းလက်လေးကိုပြန်လည်ဆုပ်ကိုင်လာရင်း စိတ်သက်သာစေအောင် ပြုံးပြပြန်ပါသည်။

“မစိုးရိမ်ပါနဲ့ ဘတ်ဟျွန်းရဲ့။ကိုကိုက ဘာမှမဖြစ်ပါဘူး။ဘတ်ဟျွန်းဖြစ်မှသာ ကိုကိုကရင်ကျိူးရမှာ။”

ချန်းယောလ် နှစ်သိမ့်ပေမယ့်လည်း ဘတ်ဟျွန်းက တွေတွေဝေဝေ။

“ကိုကို့အနားမှာ ရှိရင် ကိုကိုထိခိုက်မှာစိုးတယ်။”

‘ဒါ ဘာစကားလဲ ဘတ်ဟျွန်း။ကိုကို့ဆီက ထွက်သွားမှာ ကိုကိုကပိုထိခိုက်မှာလို့ ပြောခဲ့တယ်မလား။”

ချန်းယောလ်မျက်နှာတင်းသွားတော့ ဘတ်ဟျွန်းမျက်နှာလေးပိုငယ်ကာ ပြာပြာသလဲ ဖြစ်သွားရပါတော့သည်။သူ့လက်ကို အုပ်မိုးကိုင်ထားသည့် ချန်းယောလ်ကလက်ကို ဘတ်ဟျွန်းကလက်နှစ်ဖက်ဖြင့် ပြန်လည်အုပ်ကိုင်လိုက်ကာ.

‘တောင်းပန်ပါတယ်။စိတ်မဆိုးပါနဲ့။ကိုကိုက ခုမှ သတိရလာတာ။စိတ်မဆိုးပါနဲ့နော်။”

ချန်းယောလ် သက်ပြင်းချရင်း ခေါင်းညိတ်ပြလိုက်သည်။ဘတ်ဟျွန်းသည် ဒီကိစ္စကို အတော်လေး အလေးနက်ထားကာ စိတ်ဆင်းရဲနေပုံရတာမို့ ထယ်ဂီဆိုသည့်ကောင်ကို သေသေချာချာစုံစမ်းဖို့ ချန်းယောလ် ဆုံးဖြတ်လိုက်သည်။ ပူပန်သောကများနေသည့် ဘတ်ဟျွန်းလေးကို ချန်းယောလ် မမြင်ချင်။

“လာပါဦး ကိုကို့အနားကို။”

‘အယ်..ရလို့လား ကိုကိုချန်းယောလ်.’

‘လာ..ရတယ်။”

ချန်းယောလ်က ဖြည်းဖြည်းချင်းတစ်ဘက်ကိုရွှေ့ပေးတော့ ဘတ်ဟျွန်းက လှုပ်တုပ်တုပ်လေးဖြင့် ချန်းယောလ်လူနာကုတင်ပေါ် ရောက်လာသည်။အဆင်သင့်ဖွင့်ပေးထားသည့် ချန်းယောလ်ရင်ခွင်ထဲတွင် ဘတ်ဟျွန်းက နေသားတကျ။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now