" ငါတို့ဘက်က ပြည်သူတွေ ဆူပူကြိမ်းမောင်းတာ‌လောက်တော့ ခံရမှာပေါ့ကွာ "

ကျိုးရှန်းက မထူးမခြားနားသာ ဆိုလေသည်။

" သိပ်လည်း အရေးမပါပါဘူး "

ယွီဟောက်တစ်ယောက် တွေးတောနေစဉ် ကျိုးရှန်းက ဆက်ဆိုလာသည်။

" အဲ့ရှစ်မျိုးရိုးလူက ငါတို့ကို ရည်ရွယ်ချက်ရှိရှိ ကိုယ်ထိလက်ရောက်စော်ကားမှုနဲ့ တရားစွဲပြီး မင်းကိုကျခိုးမှုနဲ့ တရားစွဲချင်နေတာ "

ယွီဟောက်, " ဘယ်တော့လဲ? "

ကျိုးရှန်းက ပြန်ဖြေမလာခဲ့။ သူက သတင်းများဖတ်ရင်းသာ ဖုန်းစခရင်ကို ဆက်ပွတ်နေခဲ့သည်။

" ငါရှစ်နီကို ရှာချင်တယ် "

ယွီဟောက်က ရုတ်တရက် ဆိုလာသည်။

" ၃၀ရက်နေ့မတိုင်ခင် သူနဲ့စကားပြောရမှဖြစ်မယ်၊ ငါကိုယ်တိုင် သူနဲ့ပြောမယ် "

ကျိုးရှန်းက အာရုံစိုက်မှုကို ဖုန်းမှတစ်ဆင့် ယွီဟောက်ဆီလွှဲပြောင်းလိုက်သည်။

...

သောကြာနေ့, အတန်းသားများ စုဝေးကြစဉ်အတောအတွင်း တစ်တန်းလုံးရှေ့‌မှောက်၌ ယွီဟောက်တစ်ယောက် မိမိကိုယ်ကိုပြန်လည်ဆင်ခြင်သုံးသပ်စာကို ရွတ်ဖတ်ပြရလေသည်။ သူရွတ်ဆိုပြီးသည်နှင့်တစ်ပြိုင်နက် နောက်ဆုံးတန်းအချို့တွင် ထိုင်ကြသော အားကစားမေဂျာ ကျောင်းသားများက တမဟုတ်ချင်း လက်ခုပ်လက်ဝါးတီးလျက် ကောင်းချီးဩဘာ ပေးလာကြတော့သည်။ ၎င်းအပြုအမူသည်ကား အစချီပေးလိုက်သည့်နှယ်  အခြားကျောင်းသားများကပါ အတူလိုက်ပြီး ခုံကိုထုသူကထု လက်ခုတ်တီးသူကတီးနှင့် ကျယ်လောင်စွာ ‌အားပေးအားမြောက်ပြုကြတော့သည်။

အကြံပေး၏မျက်နှာထားမှာ တမဟုတ်ချင်းကို အကျည်းတန်သည့် မျက်နှာထားသို့ ပြောင်းလဲသွားရ၏။ အတန်းထိန်းဆရာလေး ချန်းယဲ့ခိုင်က ချက်ချင်းမတ်တပ်ထရပ်ပြီး အနောက်တန်းများဆီသို့ စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ သူက ထိုကျောင်းသားများကို ဆူပူရန်ပြင်လိုက်စဉ်မှာပင် အတန်းတစ်၀က်စာ ရှိလောက်မည့် ကင်မရာများနှင့် ထိုကင်မရာများပိုင်ရှင် ကောင်မလေးများ၏ စူးစူးရှရှအော်သံများနှင့် ရင်ဆိုင်လိုက်ရတော့သည်။ ထို့ကြောင့် သူ့ခမျာ အခြားသူများကိုမဆူခင်မှာပင် ပါးများချင်းချင်းနီရဲလာရပြီး တပ်ဆုတ်လိုက်ရကာ နောက်ခံရယ်သမ်း‌သွေးနေမှုများအကြား ကိုယ့်ထိုင်ခုံ၌သာကိုယ် မြန်မြန်ဆန်ဆန် ပြန်ထိုင်လိုက်ရ‌တော့သည်။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now