Because of love🖤(Chapter29)

Start from the beginning
                                    

အပင်လေးတွေကို ရေလောင်းကာ ပေါင်းသင်းနေတဲ့ ရှင်းကိုကြည့်ပီး Roseအပြုံးကြီးကြီးပြုံးနေသည်..။ ကလေးက တကယ်ကိုအကုန်တတ်တာပါလေ အိမ်ရှင်မလေးလိုပေါ့..။

ရှင်းနောက်ပိုင်း Roseတို့နဲ့ အတော်လေးရင်းနှီးပီး တကယ့်မိသားစုလိုဖစ်လာတာကြောင့် Roseကိုဆို mummyလို့ခေါ်လာတတ်သည်..။

ကလေးလေးက Roseကို mummyလို့ ခေါ်တဲ့ အချိန်မျိုးမှာဆို Roseမှာ အသည်းတယားယားနဲ့ ချစ်နေရသည်..။

" mummyဒါလေးက ရှင်းဟိုးဘက်ရွေ့လိုက်ရမလား..''

နေရာသိပ်မကျဖစ်နေတဲ့ ပန်းအိုးလေးကိုကိုင်ကာ Roseကိုလှမ်းမေးနေတဲ့ အလှလေး..။

" ရတယ်ကလေး.. mummyနောက်မှ တစ်ယောက်ယောက်ကိုရွေ့ခိုင်းလိုက်မယ် အလေးကြီးမသယ်ပါနဲ့ကလေးလေးရယ်.. ''

ကလေးကို Roseမခိုင်းရက်ပါဘူး..။ ကလေးကလုပ်မယ်ထားအုန်း ကလေးဒီလိုတွေလုပ်နေတယ်သာ Williamသိကြည့်ပါလား နောက်တခါအိမ်ကိုမပို့ဘဲနေအုန်းမှာလေ..။

" ရပါတယ်..ရှင်းက အဲ့လောက်တော့အားရှိပါတယ်..''

" မလုပ်ပါနဲ့ကွယ်.. ကလေးလေးကရပေမယ့် ကလေးရဲ့လူကြီးက mummyတို့ကိုပြောနေပါဦးမယ်..သူ့အချစ်ကလေးကို ဒီလိုတွေခိုင်းနေပါတယ်ဆိုပီး..''

" ဟီး~''

Roseရဲ့အပြောကြောင့် ရှင်းမျက်လုံးလေးမှိတ်တဲ့အထိပြုံးလိုက်သည်..။ ကိုကိုကတော့ အဲ့လိုဘဲလေ.. ရှင်းကိုဘာမှကိုမလုပ်စေချင်ဘဲ အလှဘဲထိုင်ထားခိုင်းတာ..။

ရှင်းကလည်း အဲ့လိုအလှကိုထိုင်မနေတတ်တာ အလုပ်ကိုတစ်ခုမဟုတ်ရင် တစ်ခုကိုလုပ်ချင်နေတယ်လေ..။ လှုပ်လှုပ်ရှားရှားနေရတာက ရှင်းကို စိတ်သက်သာရာရစေတယ်လေ..။

ရှင်းနဲ့Roseတို့တွေ ဆက်ပီး ပန်းပင်လေးတွေကို ရေလောင်းပေါင်းသင်းကာ ဂရုတစိုက်နဲ့ လှလှပပလေးဖစ်အောင် လုပ်နေကြသည်..။

နေရောင်အောက်က အိမ်ရှင်မလေးနှစ်ယောက်ကတော့ ပန်းလေးတွေနဲ့အပြိုင်လှနေကြတာပေါ့..။

" တို့တွေလုပ်တာကြာနေပီးဘဲ.. နားရအောင်လေ.. ကိုယ်လက်သန့်ရှင်းလိုက်ဦးနော် ကလေးလေး..''

Because of love🖤[ Completed ]Where stories live. Discover now