၄၀။နောက်ကြောင်းပြန်ခြင်း

7K 664 22
                                    

Uni

*နောက်ကြောင်းပြန်ခြင်း*

ဒီနေ့ နှောင်းလေး သူမအိမ်လာနေမည်ဆိုတာကြောင့် အောက်ထပ်က သူမတို့အခန်းဘေးမှာ ပြင်ဆင်ထားရင်းဒေါ်ပိုးစံထားစောင့်နေလိုက်သည်..။

''ဟော..နှောင်းလေး လာပြီလား...လာလာ..''

ကားရပ်သံကြားလို့ ရှေ့ထွက်ကာ နှောင်းလေးကို ထွက်ကြိုတော့ သမက်ဖြစ်သူကို နှာမှူတ်ကာဝင်လာသော သူမ..။သမက်ဖြစ်သူကလည်း ခပ်မဲ့မဲ့ပြုံးကြည့်ကာ ဆေးရုံကိုထွက်သွားလေပြီ။

ထို့နောက်ဧည့်ခန်းထဲက ဆိုဖာပေါ်ဝင်ထိုင်လိုက်ကြပြီးနှစ်ယောက်သားစကားစမည်ပြောနေလိုက်ကြသည်..။

''အန်တီပိုး..''

''အင်း.သမီးလေး..ပြော...''

ခပ်တိုးတိုးခေါ်သံကြောင့်ထူးလိုက်ပြီး မော့ကြည့်လိုက်တော့ ခပ်တွေတွေလေးငေးကာပြောလာ၏။

''ကိုမြတ်သူနဲ့တစ်သက်လုံးကို ပြန်ဆက်ပေးဖို့လက်လျော့လိုက်ရအောင်လေ....''

သူမ မျက်လုံးပြူးသွားရသည်..။ဒီကလေးမဘာဖြစ်ရပြန်တာလဲ..။သူမပဲ ရိုးမြေကျကိုလိုချင်ပါသည် မက်မောပါသည်ဆို...။

''ဟင်..ဘာလို့လဲ သမီးရဲ့..သူတို့ချင်းအဆင်ပြေမှ ရိုးလေးကကွာရှင်းပြီး သမီးကိုလက်ထပ်မှာပေါ့...''

နားမလည်သလိုမေးတော့ဒေါ်ပိုးစံထားအားပြူးကြည့်နေပြန်၏။

''ဟို..ဟိုလေ...ကိုမြတ်သူက ကောင်မလေးရှိတယ်အန်တီပိုးရဲ့..နှောင်းလည်းသိတာမကြာသေးဘူး...''

နှောင်း၀ဿန်မေအပြောကြောင့် သူမခပ်မဲ့မဲ့ပြုံးလိုက်ပြီး...

''ဘယ်ကတဲ့လဲ...ဘယ်သူပဲဖြစ်ဖြစ်ပါ...သူ့လူနဲ့သူပဲ ပြန်အဆင်ပြေရင်ကောင်းသွားတာပဲ မဟုတ်လား...''

''အင်းအင်း...ဟုတ်တော့ဟုတ်ပါတယ်''

''ကဲ..အန်တီနဲ့ ဒီနေ့ပန်ကိတ်လုပ်စားရအောင်...''

''ဟင်...ဆိုင်မသွားဘူးလား..နှောင်းကအလည်လိုက်မလို့ကို...အန်တီ့ဆိုင်ကလိုချင်တဲ့ အရာလေးတွေလည်း ဝယ်ရအောင်..အဟင်း..သမီးက စိန်တွေစုရတာကြိုက်တယ်လေ....''

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now