၁၁။ချစ်နေပြီ

7.3K 769 21
                                    

Uni

ဘာလိုလိုနဲ့အလုံးဒီရောက်တာ ၇လထဲရောက်လာပြီ...။

ဖေနဲ့မေကလည်း ၀န်ထမ်းတွေမို့မအားကြသလိုအလုံးသည်လည်းအိမ်မပြန်နိုင်သေး....။ဖုန်းဖြင့်သာအဆက်အသွယ်လုပ်ရသည်...။

သို့ပေမယ့် အချိန်ကြာလာတာနဲ့အမျှလုပ်ငန်းအတွေ့အကြုံများလာသလိုကုသမှူပိုင်းကိုလည်းအလုံးတော်တော်နားလည်လာပြီ..။

မနေ့ကအစ်မမီ့အမေဆုံးလို့ပြန်သွားတာကြောင့်ယခုဆေးရုံမှာဆရာ၊အလုံး၊မမွန်နှင့်အလုပ်သမား ၃ယောက်သာရှိ၏..။

မလင်းကလည်းမီးဖွားခွင့်ပြည့်ဖို့၁ လလိုသေးသည်..။

အဲ့တော့အရင်ကထက်ဆတိုးပင်ပန်းသည်..။ဆေးရုံပေါ်အိပ် ဆေးရုံပေါ်စားအခြေအနေမို့ အဆောင်အခန်းကိုတောင်မေ့ချင်ချင်..။

"အလုံး...ဒီကိုလာ...''

အတွေးတို့ကခပ်ကြည်ကြည်အသံကြောင့်လွင့်ကုန်သည်..။နောက်သို့လှည့်ကြည့်လိုက်ပြီးဘုတောပြန်တောလိုက်၏။

"ဘာလုပ်မလို့လဲ...မလာပါဘူး...''

ဟုတ်တယ်...ဦးရိုးမြေကျတို့ လွတ်လပ်ရေးရနေတာ..။

ဆေးရုံပေါ်တက်လာတာနဲ့အလုံးဆေးပေးခန်းကသူ့နားနေခန်းဖြစ်သွားတော့သည်..။

မနက်အစောအလုံးမနိုးသေးလည်းမနက်စာအတူစားဖို့ရောက်လာပြီးနေ့လည်စာလည်းအလုံးအခန်းမှာသာစားလေသည်..။

ဘယ်ချိန်အားလို့ဘယ်ချိန်ပြေးချက်တယ်မသိ..။စားချိန်ရောက်ရင်ငါးဆင့်ချိုင့်ကြီးဆွဲကာရောက်လာလေပြီ..။

"လာပါအလုံးရဲ့..ကိုယ်ပြစရာရှိလို့...''

"ပြော..ဘာလဲ..''

ဆေးပေးစားပွဲနားကခုံပေါ်မှကုတင်ဆီစူပုပ်ပုပ်မျက်နှာဖြင့်ထလာကာ ဘေးနားဝင်ထိုင်လာသူလေး၏နဖူးလေးကိုအနမ်းဖွဖွပေးလိုက်ပြီးတိုးဖွဖွခေါ်လိုက်၏။

"အသက်...''

ရှတတခေါ်သံတစ်ခုက နားထဲသို့ဝင်လာတော့အလုံး ကြက်သီးတွေကဖျင်းကနဲထသွားပြီးလက်မောင်းတစ်လျှောက်အဖုသေးသေးလေးတွေပင်ထွက်လာ၏။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now