၂၆။ကြင်နာသော ရဲ့အိမ်ပြန်ခရီး

5.7K 645 4
                                    

Uni

၃ရက်တည်းဆိုပြီးထွက်လာခဲ့ပေမယ့် အလုံးအိမ်မှာတစ်ပတ်လောက်ကြာသွား၏..။

လင်အူကြူးကတော့တစ်ရက်မပျက် အိမ်ရောက်လာပြီး အိမ်ရှေ့ကားရပ်ကာကားထဲမှသာအိပ်ပြီးမနက်လင်းမှပြန်သွားတာတွေ့ရသည်..။

အလုံးအနေနဲ့ထွက်တွေ့ဖို့ကျပြန်တော့လည်း ပါးမှာက သူ့အမေလက်ဝါးရာကြီးကတံဆိပ်နှိပ်ထားသလိုရှိနေသေးသည်လေ.. ။

ဒီနေ့မနက်တော့ပါတီပွဲအတွက်အဝတ်အစားကြည့်ဖို့ အိမ်လာခေါ်မည်ဆိုတာကြောင့် အလုံးအဆင်သင့်ပြင်ထားလိုက်ရ၏..။

''တီ..တီ...''

တံခါးဖွင့်ပေးတော့ ကားကိုအိမ်၀ိုင်းအထဲထိမဝင်ပဲအပြင်ဘက်မှာသာရပ်ခဲ့ပြီး လူကသာဆင်းလာသည်..။

''ကားမသွင်းတော့ဘူးလေ..အသက်..ခဏနေသွားရအောင်...အား..လွမ်းနေရတာ...''

''အင်း..အတူတူပဲ..ကိုကြီး...''

အလုံး လင်အူကြူးကိုပြေးဖက်လိုက်ရင်း မူပိုပို ချွဲလိုက်မိသည်..။

''ဟော..သားရိုးလေး လာပြီလား..ထိုင်အုံး..မေ ဒီနေ့ မုန့်ဟင်းခါးချက်ထားလို့..စားမလား..''

''အိမ်မှာချက်တာလား..မေ..''

''ဟုတ်ပါ့...''

''ဟုတ်..စားမယ်မေ..''

''ခဏနော်ပြင်လိုက်အုံးမယ်...''

ယောက္ခမဖြစ်သူ မီးဖိုချောင်ထဲပြန်ဝင်တော့ဘေးမှာ ရိုးဖုန်းထဲက Candy Crush ဂိမ်းကို အားရပါးရဆော့နေသောလင်ပေါက်စကိုလက်ထောက်ကြည့်နေမိ၏။

''အသက်..ကိုယ့်အသက်လေး''

''အင်း..ပြောလေ..ဒါနဲ့..ကိုကြီး ပါတီပွဲက ၁၀ရက်လောက်လိုသေးတာမဟုတ်ဘူးလား...''

''အင်း..ဟုတ်တယ်...မနက်ဖြန်ကျ ကိုယ့်အဘိုးပြန်လာမှာမို့...''

''ဟမ်...အဘိုး ကြင်နာသောလား..''

''ဟုတ်ပါ့...အာ့ကြောင့်အိမ်ပြန်လိုက်ခဲ့တော့..မနက်ဖြန်သွားကြိုရင်း မိတ်ဆက်ပေးချင်လို့...ဘွားလေးတို့ရော ပါလာကြမှာ..''

''မြင်ဖူးချင်နေတာနဲ့အတော်ပဲ...''

''ဟော...သားရိုးလေးရောက်နေတာလား...''

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now