၁၀။အသက်😁😁

7.2K 792 28
                                    

Uni

ဒီနေ့ မြို့နယ်သွားစရာရှိသည်မို့ဟိုပေါက်စအားအဖော်ခေါ်သွားချင်သည့်အတွက်ကြောင့်အကြောင်းပြချက်ကောင်းကောင်းရှာနေ၏..။

မတက်နိုင်ဘူး.လိမ်ခေါ်ရတော့မှာပဲ...။

ထိုသို့စဥ်းစားနေတုန်းဖုန်းဝင်လာတာကြောင့်...ကြည့်လိုက်တော့ရင်တွေဖိုးသိုးဖတ်သတ်ပင်ဖြစ်သွားရသည်..။

မျှော်လင့်နေသူလေးထံမှဖြစ်နေသည်မို့ဖုန်းကိုင်မိလိုက်သည်ကအလောတကြီးပင်..။

"ဟလို..အလုံး..''

"ဆရာ့..မြို့နယ်သွားစရာရှိတယ်ပြောလို့...လိုက်ခဲ့ချင်လို့..ရလား..''

ကမ္ဘာပေါ်မှာအချိုမြိန်ဆုံးသောအမေးစကားသံလေး..။

"ရတယ်..ရတယ်..လိုက်..လိုက်ခဲ့...''

မဖြေလိုက်ရမှာစိုးသည့်အလား ရိုးအမောတကောဖြေလိုက်မိသည်..။

အချစ်ကထူးဆန်းပါ၏..။

ရုပ်ပျက်ဆင်းပျက်တွေကိုဖြစ်လို့..။

"ဟုတ်ကဲ့... ခဏစောင့်ပါနော်...''

ရိုး ဖုန်းချလိုက်ပြီး yes ဟုအားရပါးရကြွေးကြော်လိုက်သည်..။

ရေချိုးပြီးလဲထားသည့်ရှပ်အပြာရောင်လက်ရှည်အားသဘောမကျစွာဖြင့်အမြန်ချွတ်၍ဗီဒိုထဲကအ၀တ်တွေဖွရင်းတစ်ထည်ပြီးတစ်ထည်ခန္ဓာကိုယ်တွင်ကပ်ကြည့်ကာအခန့်ညားဆုံးဖြစ်ဖို့ပြင်ဆင်နေမိ၏။

ထို့နောက်နီညိုရောင်ရှပ်လက်ရှည်ကိုအကွက်စိတ်ပုဆိုးအနက်ဖြင့်တွဲ၀တ်၍ကားပေါ်ကနေစောင့်နေလိုက်သည်..။

၁၀မိနစ်ခန့်ကြာတော့ပါဆယ်ပုံးတစ်ပုံးဖြင့်ထွက်လာသူက မနိုင့်တနိုင်မ ,လာတာကြောင့်ရိုးအမြန်ကားထဲကထွက်ကာကူသယ်တော့ ပြန်လုကာငြင်းနေပြန်၏။

"အာ..ရ.ရပါတယ်ဆရာ...ဖေနဲ့မေအတွက်ပစ္စည်းလေး ပို့ချင်လို့...ကားဂိတ်ကိုခဏလောက်ပို့ပေးမလား...ဆရာ...''

ရိုးပုံးအားပြန်လုရင်းဖြေလိုက်၏။

"ပို့ပေးမှာပါဗျာ...အခုတော့တက်...''

ရိုး ကားနောက်ခန်းတံခါးကိုဖွင့်နေသူကိုလက်ဆွဲတားလိုက်ရင်းကားမောင်းသူဘေးတံခါးကိုဖွင့်ပေးရင်းပြောလိုက်၏။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Wo Geschichten leben. Entdecke jetzt