၁၅။first kiss😚😚

7.2K 718 28
                                    

Uni

ရာသီတွေပြောင်းလို့ရက်ပေါင်းထွေထွေကြာလာခဲ့လေပြီ..။

အလုံးဆေးရုံရောက်လို့တိုင်းပြည်ကပေးသည့်တာ၀န်တွေကိုအားကြိုးမာန်တက်ထမ်းဆောင်ခဲ့တာ ၂နှစ်ကျော်လာခဲ့ပြီ..။

ဆရာနဲ့အခြေအနေကလည်း ချစ်သူအဆင့် ရောက်လာခဲ့ပြီးကြည်နူးနေရသည့်အချိန်အခါပင်....။

၃ နှစ်ထိအချိန်မဆွဲပါနဲ့ဟု သူ့မောင်ဘက်က အပြတ်အသတ်ရှေ့နေလိုက်ပေးသော မမွန်ကြောင့်အလုံးရဲ့ ၂၄ နှစ်ပြည့်မွေးနေ့မှာချစ်သူအဆင့်သို့ ရှေ့ဆက်ခဲ့ကြသည်..။

အတိအကျပြောရရင်အလုံးကိုချစ်ခွင့်ပန်တာ ၂နှစ်ပြည့်သည့်နေ့ပေါ့..။

ချစ်သူဖြစ်ကတည်းက အလုံးဘက်ကတော့ဖေနဲ့မေကို ပွင့်ပွင့်လင်းလင်းအသိပေးကာတရားဝင်တွဲခဲ့သည်..။

ဆရာ့မိဘတွေကိုတော့မသိမပေးခဲ့..။

ဆရာ့အမေဒေါ်ပိုးစံထားကဘယ်လိုမှသဘောတူမည်မထင်..။

ထို့ကြောင့် အလုံးတို့အချင်းချင်းတိုင်ပင်ကာတိတ်တိတ်လေးတွဲရင်း နှစ်ယောက်သားငွေကြိတ်စုခဲ့ကြသည်..။

နောင်တစ်ချိန်ဖွင့်ပြောလို့ လက်ခံမပေးပဲဝိုင်းခွဲခဲ့ရင်နှစ်ဦးသဘောတူလက်ဆွဲကာ ဝေးရာထွက်သွားဖို့အထိဆုံးဖြတ်ထား၏.....။

ဆေးရုံ၀န်ထမ်းအားလုံးအနေဖြင့်တော့ အလုံးကလည်းရောက်ကတည်းက ကိုယ်ဟာဘာအမျိုးအစားဆိုတာကိုပွင့်ပွင့်လင်းလင်းဖွင့်ပြောထားသည့်အပြင်ဆရာ့စိတ်ကိုလည်းအနည်းငယ်ရိပ်မိထားကြသည့်အခြေအနေမို့သူတို့နှစ်ဦးအပေါ်ဝေဖန်ကဲ့ရဲ့တာတွေမရှိကြ..။

သို့ပေမယ့် ထိုအထဲ ဒေါ်နှောင်းဝဿန်မေတော့မပါ..။

ဒီမှာဖြစ်သမျှအကြောင်းစုံဆရာ့အမေဆီ သတင်းတွေပို့နေတာ တစ်ဆေးရုံလုံးလည်းသိသည်..။

ဆရာ့အမေကဆရာကိုယ်တိုင်ဖွင့်မပြောလာသေးတာကြောင့်အလုံးအားဆရာကအပျော်တွဲသည်ဟုထင်နေပုံပင်...။

လက်မလျော့ပဲခုထိအောင်သွယ်နေတုန်း..။

ဆရာ့ကိုတော့ အလုံးမိဘနှစ်ပါးစလုံးနဲ့ပွင့်ပွင့်လင်းလင်းမိတ်ဆက်ပေးထားပြီးသား..။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now