၁၇။ဘဝရဲ့အနာဂတ်စတင်ခြင်း

6.4K 707 27
                                    

Uni

ဒီနေ့ မနက်အစောကတည်းကအကြည်ဓာတ်လေးဆီရောက်နေပေမယ့်ပြန်သွားသဖြင့်ခေါင်မမြင်ခဲ့ရပေ..။

ဟိုတစ်နေ့က ခေါင့်ကြောင့်ပြဿနာတက်သွားပြီးကတည်းကသူ့ကိုမြင်တာနဲ့ထိုလူသားလေးမျက်နှာလေးကတည်တင်းသွားလေရော..။

ထိုသို့မကြည်ဖြူသည့်မျက်နှာတင်းတင်းလေးကြောင့်ထပ်ပြီးပြဿနာမဖြစ်စေလို၍ဆေးရုံအထဲတောင်မဝင်တော့ပဲအပြင်ကနေသာအကြည်ဓာတ်လေးကို ခေါင်ငေးရသည်..။

ဒီနေ့တော့ထိုနေ့ကကိစ္စတောင်းပန်သင့်တယ်ထင်လို့တောင်းပန်ဖို့သွားကာမှမတွေ့ရဘဲပြန်လာခဲ့ရ၏။

ခေါင်အိပ်ယာပေါ်လှဲနေရင်း Alone Lay ဆိုသည့်fb accလေးရဲ့Messangerထဲသို့ဝင်ချည်ထွက်ချည်လုပ်နေမိသည်..။

အကြည်ဓာတ်လေးနဲ့friဖြစ်ရဖို့အရေး သူ့မှာ fake accအများကြီးဖွင့်ကာ fri request ပို့ထားခဲ့ရ၏။

ထိုစဥ်ပြောင်းသွားသောcover photo လေးကြောင့် ခေါင့်လက်ထဲကဖုန်းလေးလွတ်ကျသွားသည်..။

နှစ်ဦးသဘောတူလက်ထပ်စာချုပ်လေးအားရိုက်ကာတင်ထားခြင်းပင်...။

သတို့သားတစ်သက်လုံးနောက်ထပ်သတို့သားနေရာမှာတော့ ခေါင့်နာမည်မဟုတ်သည့်တခြားလူ၏နာမည်လေးက၀ံ့၀ံ့ကြွားကြွားကပ်တွယ်လို့နေ၏..။

အစကတည်းကပိုင်ဆိုင်လိုစိတ်ထက် ငေးကြည့်ရုံသာမို့ သူ့အကြည်ဓာတ်လေးပျော်ရင်အဆင်ပြေရင် ခေါင်ကျေနပ်ပါ၏..။

တိတ်တိတ်လေးတော့လွမ်းခွင့်ပေးပါ...။

လိုအပ်တဲ့အချိန်အပြေးလာပါ...။

အကြည်ဓာတ်လေးအတွက် အမြဲ ရှိနေမှာမို့..။

ကိုယ့်ဘက်ကချစ်ပေးနေရခြင်းတွေအတွက်တစ်ဖက်သတ်အချစ်လို့တော့ခေါင်းစဥ်မတပ်ချင်ဘူး..။

မင်းလေးကငါနဲ့မထိုက်တန်တဲ့တန်ဖိုးကြီးလေးမို့ ချစ်ပေးခဲ့ရတာကိုပဲတွေးပြီးကျေနပ်လိုက်ပါ့မယ်..။
......
Kမြို့မှ Mမြို့သို့သွားသောလိုင်းကားလေးစီး၍အလုံးတို့ခရီးနှင်ရာရွာလေးဆီရောက်နိုင်မည့်လမ်းခွဲလေးတစ်ခု၌နှစ်ယောက်သားဆင်းလိုက်သည်...။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now