၂၅။ပြစ်ဒဏ်

5.8K 618 12
                                    

Uni

ပြတင်းပေါက်မှန်မှတဆင့်၀င်လာသည့်နေရောင်ဖြာနွေးနွေးကြောင့်ရိုးအိပ်ယာမှနိုးလာခဲ့သည်..။နေအလင်းကမျက်လုံးဆီစူးကနဲ၀င်လာသည်မို့ဘယ်ဘက်လက်ဖမိုးသုံးကာနေရောင်ကိုကွယ်လိုက်ရ၏...။

အိပ်ယာဘေးကနာရီဆီလှမ်းကြည့်လိုက်တော့ နောက်ကျနေပြီမို့ ရိုး ထဖို့ပြင်လိုက်ပေမယ့် သူ့ရင်ခွင်ထဲဆီတိုးဝင်လာသောချစ်ရသူကြောင့်လက်မောင်းပေါ်ခေါင်းလေးတင်ပေးလိုက်ပြီး ကျောပြင်ကိုပွတ်သပ်ပေးကာ ပြန်လည်အိပ်ပျော်စေလိုက်သည်..။

ရိုးအသက်လေးအခုတစ်လောတအားပိန်သွား၏...။

ညဆိုအိပ်လိုက်ရင်လည်းတရေးထဲ...။ခါတိုင်းဆို ညလယ်စာထထစားနေကြသူကခုဆိုအအိပ်သာမက်နေတော့သည်...။

ရိုးပြန်ရောက်လာတိုင်းလည်း အိပ်ယာထဲခွေအိပ်နေသည်ကိုသာအမြဲလိုလိုတွေ့ရ၏...။

မနေ့ညကဆိုင်မှာပင်ပန်းလို့အိမ်မှာနားခိုင်းလိုက်အုံးဆိုပြီး မာမီကလည်းပြောလာ၏။

ရိုးလည်းပြန်ရောက်ကတည်းက အိမ်သိပ်မကပ်ရ..။

ဆေးရုံကိုလည်းရိုးလက်ထဲလွှဲအပ်တော့မှာမို့ အုပ်ချူပ်ရေးပိုင်းရော လူနာကြည့်တဲ့နေရာပါ ရိုးဝင်လုပ်နေရသည်..။

ကျောပြင်ကိုပွတ်သပ်ပေးနေရင်းချစ်ရသူနှူတ်ခမ်းကိုနူးနူးညံ့ညံ့ငုံထွေးကာ မွတ်သိပ်စွာ နမ်းနေတုန်းသူ့မျက်နှာအားလက်သေးသေးလေးကတွန်းလာ၏။

''အင်း...ကိုကြီး...ဘယ်လိုဖြစ်နေတာလဲ...စောစောစီးစီး ဘာ..အွန့်..''

နှူတ်ခမ်းတို့ကိုစုပ်ယူနေသောခံစားချက်ကြောင့်မျက်လုံးတို့ဖွင့်ကြည့်မိတော့စောစောစီးစီး နှာဗူးထနေတဲ့အလုံးရဲ့လင်ခင်ပွန်း..။

အလုံးရုန်းကန်နေတာကြောင့် ခဏလွတ်ပေးချိန် အသက်လုရှူကာ အပြစ်တင်နေတုန်းထပ်မံငုံထွေးလာပြန်၏.။

''အင်း...ကိုကြီး...''

အနမ်းတို့ကလည်တိုင်ကျော့ကျော့ဆီရောက်လာတာမို့ ညည်းငြူသံကခပ်သာသာ..။ထိုစဥ် မိမိပေါင်ကိုလာထောက်နေသော ခပ်မာမာတစ်ခုကြောင့်အလန့်တကြား​အော်လိုက်မိ၏။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now