၁၆။အသက်ခေါ်ရာ

6.8K 748 10
                                    

Uni

တစ်နေ့ကကိစ္စကြောင့်ရိုးအနေဖြင့် အလုံးကိုတိုးတိုးတိတ်တိတ်ချစ်သွားဖို့မဖြစ်နိုင်တော့ချေ....။

ထို့ကြောင့်မိဘနှစ်ပါးကိုအကျိုးအကြောင်းဖွင့်ပြောပြီးကြည်ဖြူရင်တော့တစ်ခါတည်းသာစေ့စပ်ကာလက်ထပ်ယူပစ်ဖို့စီစဥ်ထား၏..။

နေထွဋ်ဖျားခေါင်တစ်ယောက်ဆေးရုံကိုချောင်းပေါက်မတက်ရောက်လာနေတာကောင်းသောလာခြင်းမဟုတ်တာ သူသိသည်..။

တစ်နေ့တမျိူးမရိုးရအောင် သူ့ရွာမှာရှိသမျှရောဂါသည်တွေကိုခေါ်ချလာပြီး ရိုးအသက်လေးကိုလာငမ်းနေတာလုံး၀မကြိုက်သလိုသည်းခံနိုင်စွမ်းလည်းကုန်နေပြီ..။

အလုံးကတော့ဂရုပင်မစိုက်ဘဲနေတက်အောင်နေပါသည်..။ဒါပေမယ့်သူစိတ်မချ..။

ထို့ကြောင့်အလုံးနဲ့တိုင်ပင်ကာအိမ်ကိုဖွင့်ပြောပြီး ဘယ်သူမှမျှော်မှန်းခွင့်မရှိသည့်သူ့အပိုင်ဖြစ်အောင်လုပ်ပစ်တော့မည်..။

ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် အလုံးလေးကိုရိုးလက်မလွတ်နိုင်ပေ..။

အလုံးတစ်နေကုန်လုံး မနက်ကနားပူအောင်လာပြောနေသည့်ကိုကြီးရဲ့စကားသံတွေနားထဲကမထွက်..။

နှစ်ဖက်မိဘတွေကိုဖွင့်ပြောကာလက်ထပ်ချင်ပြီတဲ့..။

အလုံးအနေနဲ့လက်မခံပဲငြင်းလိုက်ရင်လည်း မချစ်လို့လား တာ၀န်မယူနိုင်တာလားစသည်ဖြင့်သူသာလျှင်နစ်နာသူလိုစကားလုံးအမျိုးမျိုးဖြင့်စကားနာထိုးခံရမည်။

ထို့ကြောင့်ဘယ်လိုမှမတက်သာတော့သည့်အဆုံးလက်ခံလိုက်ရသလိုအထုတ်အပိုးလည်းအဆင်သင့်ပြင်ထားလိုက်သည်..။

ကိုကြီးလက်ဆွဲပြီးထွက်သွားဖို့အချိန်ရောက်ပြီထင်ပါရဲ့..။

ဖေနဲ့မေ့ဆီတော့လှမ်းအသိပေးရမည်..။အလုံးမိဘနှစ်ပါးမသိပဲ ဘာမှမလုပ်ချင်..။

ဖေ့ဖုန်းကိုနှိပ်ကာခေါ်လိုက်တော့ ကြည်လင်လှသည့်မိခင်ရဲ့ထူးသံထွက်လာသည်...။

"Hello သားလေး...''

"အင်း..မေ စားပြီးပြီလား..ဖေဘယ်သွားလို့လဲ..''

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)حيث تعيش القصص. اكتشف الآن