၂၂။နှူတ်ဆက်ခဲ့ပြီ ကျောက်တောကုန်းရွာလေးရေ

5.6K 692 17
                                    

Uni

''ဟလို..မေ''

''သားလေး အလုံးလား...အခုဘယ်မှာလဲ အဆင်ပြေနေရဲ့လားသားလေးရယ်...''

အလောတကြီးမေးသံနဲ့အတူ တုန်ယင်သောမိခင်ဖြစ်သူအသံတို့က အလုံးအတွက်နွေးထွေးလွန်းလှသည်..။

သူ့မိဘတွေဘယ်လောက်တောင်လွမ်းနေမလဲ..။

စို့တက်လာသောမျက်ရည်တို့ကိုပုတ်ခတ်သိမ်းရင်း...

''သား..သား.တောင်းပန်ပါတယ် မေ..သား..သားမကောင်းတာကြောင့်...''

''မဟုတ်ပါဘူး..သားရယ် မေ့သားလေးက လူကောင်းလေးပါ...အဆင်ပြေလားပဲ..မေက ..မေက သိချင်တာပါသားရယ်..''

အလုံးဖုန်းလေးကိုင်ကာ ငြိမ်နေတုန်းနဖူးပြင်ဆီသို့နွေးထွေးသောအနမ်းဖွဖွတစ်ခုကထိတွေ့လာ၏..။

အလုံးမော့ကြည့်လိုက်တော့ ပါးစပ်လှုပ်ရုံသာ ပြောလာသောစကားတစ်ခွန်းကမေ့ကိုအမှန်အတိုင်းပြောလိုက်တော့တဲ့...။

''မေ...''

''ဟင်..သား..ပြောလေ..''

''ဖေရောရှိနေလား...''

''ဖေရှိတယ် သားလေး..ပြောစေဗျာ...''

''ဟို..ဟိုလေ...''

အားနာစိတ်နဲ့စကားတို့ကထစ်ထစ်အအ...။

''ပြောပါ..သားရဲ့.ဖေနဲ့မေက ဖေ့သားလေးအဆုံးအဖြတ်ကိုဦးစားပေးမှာမို့...''

အလုံးဖေနဲ့မေ၏ သားသမီးအပေါ်နားလည်ပေးနိုင်စွမ်းကို ရိုး လေးစားအံ့သြမိသည်...။

အလုံးဆုံးဖြတ်ချက်တိုင်းကိုလေးစားပေးသည့်အပြင်လမ်းမှားနေရင်လည်းလမ်းပြပေးသည်...။

ပညာတက်ပီသလှပေရဲ့...။

''ဟုတ် ဖေ...သား အခုကျောက်တောကုန်းရွာမှာ ရောက်နေတာ....''

''ဟေ...ဘယ်လို...သားကဘွားနေဆီမှာလား...''

''ဟုတ် မေ....''

ထင်မထားတာမို့ အံ့သြသွားကြသည်ထင်၏..။ရှေ့ဆက်ပြောလာမည့်စကားသံတို့ထွက်မလာတော့ဘဲတိတ်ဆိတ်သွားလေသည်...။

''ရိုးလေး..ရိုးလေးရော နေနိုင်ရဲ့လား သားရယ်...တောရွာကိုပြေးရလားကလေးရဲ့...ရိုးလေးပင်ပန်းနေရှာမှာ..သားရယ်...''

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Donde viven las historias. Descúbrelo ahora