တစ်ခန်းတည်းနေသော လူနာက ပြန်ရောက်လာချိန်တွင် အိပ်ရာပေါ်မှာ ထိုင်နေဆဲဖြစ်သည့် ဝေ့ဒါကိုမြင်တော့ ပြုံးပြကာ စကားဆိုလာသည်။
" မင်းအစ်ကိုကို စောင့်နေတာလား။ တစ်နေကုန်စောင့်နေတာတောင် ပေါ်မလာမှတော့ သူမလာတော့လို့နေမှာပေါ့။ မြန်မြန် အိမ်ပြန်သွားလိုက်တော့လေ။ သူ အိမ်ပြန်ရောက်ချင်ရောက်နေလောက်မှာပေါ့။ "
ဝေ့ဒါ ပြတင်းပေါက်အပြင်ကိုသာ ငေးကြည့်လိုက်မိ၏။ လမ်းဘေးတစ်ချက်ဆီက လမ်းမီးတိုင်တွေဟာ တစ်ခုပြီးတစ်ခု လင်းလက်လို့ လာနေလေပြီ။
ဖြစ်နိုင်လောက်ပါတယ်… သူတကယ်ကို မလာခဲ့ဘူးပဲ။
ဝေ့ဒါ အိပ်ရာပေါ်ကဆင်းပြီး အိတ်ကိုသယ်လိုက်သည်။
ကျွန်တော်အရင်က မှားခဲ့မိတာတွေကို ဘယ်လိုပြန်ကုစားရမလဲဆိုတာ မသိတော့ဘူး။
ကိုကိုက ဒီလိုမျိုး အပိုအလုပ်တွေလုပ်ပြီး သူ့မေတ္တာတွေကို မပြတတ်လို့ပါ။ သူမလာရင်တောင် ဒီလုပ်ရပ်က ကျိုးကြောင်းဆီလျော်ပါတယ်လေ။
ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ပျက်စီးသွားခဲ့ပြီးပြီပဲ။
အခုတော့ သူ တခြားမြို့ကိုပြောင်းပြီး ကို့ကိုကို မေ့ဖို့ ကြိုးစားရတော့မှာပေါ့။
တစ်ယောက်တစ်နေရာ ခွဲခွာကြတာပေါ့။
*****
တက္ကစီမောင်းသမားက ကားစတီယာရင်ကိုပုတ်ကာ ကားနောက်ကြည့်မှန်ကနေတစ်ဆင့် အနောက်ခန်းထဲမှာ ထိုင်နေသည့်လူကို ကြည့်လိုက်၏။
" မင်းက အရမ်းလောတာပဲ။ နေ့တိုင်း ဒီနားက ကားပိတ်နေကြပဲ။ ဘာလို့ အရမ်းတွေ ပူပန်နေရတာလဲ။ ဘာများအရေးကြီးနေလို့လဲ။ "
တစ်လျှောက်လုံး ဖုန်းကိုပဲ ငုံ့ကြည့်နေခဲ့သည့်လူက နောက်ဆုံးမှာတော့ ခေါင်းမော့လာတော့၏။
" ကျွန်တော့်ညီ ဆေးရုံဆင်းမှာ သွားကြိုရမှာမလို့ "
" ဟေ့ ဘယ်နှနာရီတောင်ရှိနေပြီလဲ။ "
" ကျွန်တော်အလုပ်ဆင်းတာတောင် လူနာတွေကြည့်ပေးနေရတာနဲ့ နောက်ကျသွားလို့။ "
أنت تقرأ
Nowhere to Go (Myanmar Translation) ✔️
عاطفيةOriginal Author - Fangua Steamed Bun English Translator - FL AI Robot (38 Chapters) This is my first work. Fully credit to original author and english translator .This is just fan translation. Both Unicode and Zawgyi.
Chapter 37
ابدأ من البداية