Chapter 29

3.1K 514 14
                                    

Unicode

ကားအပြင်ဘက်ရှိ ရှုခင်းတွေက သူ့အရှေ့မှာ လျှပ်တစ်ပြတ်ပဲ ဖြတ်သန်းလျှက်ရှိသည်။ ရင်းနှီးကျွမ်းဝင်နေသော ရှုခင်းတွေကို မြင်ရချိန်မှ သူမြို့တော်ကနေ ထွက်ခွာသွားခဲ့တာ အတော်လေးကြာနေပြီမှန်း လွီနင်နားလည်လာခဲ့၏။

ဆေးရုံနှင့် ဘူတာရုံကို လွီနင် မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ကူးလူးသွားလာဖူးလေသည်။ အထူးသဖြင့် ဝေ့ဒါပြန်လာပြီးချိန်မှာပင်။

ကားက လွီနင်နှင့် သူ့အဖေနှင့် အတူနေထိုင်ခဲ့သည့် ရပ်ကွက်ကို ဖြတ်သန်းမောင်းနှင်သွားလေသည်။

လွီနင် ဝေ့ဒါနှင့် သူ၏ ဘတ်စ်ကားပေါ်က ပထမဆုံးတွေ့ဆုံမှုကို ပြန်လည်အမှတ်ရသွား၏။

ထိုအချိန်က ဝေ့ဒါက သူ့က်ို သေချာပေါက် မှတ်မိနေခဲ့သည်။ သို့သော်လည်း  သူစိမ်းတစ်ယောက်လို သူ့နောက်က တကောက်ကောက်လိုက်ကာ ကားပေါ်မှာ သူ့ပိုက်ဆံအိတ်ကို ခါးပိုက်နှိုက်ပြီး ရဲစခန်း​ရောက်မှ သူ့အစ်ကိုပါဆိုပြီးတောင် ခေါ်ခဲ့သေးသည်။

အစပိုင်းကတော့ ဝေ့ဒါ၏ ထိုလုပ်ရပ်အတွက် လွီနင် အတော်လေးစိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။ သို့ရာတွင် သူတို့ပိုပြီးရင်းနှီးမှုရလာချိန်မှာ ဒီနောက်ပြောင်မှုက အမှန်တကယ်ပဲ အကူအညီဖြစ်ခဲ့တာကို လွီနင်နားလည်လာခဲ့သည်။

ဒါတွေက လွန်ခဲ့တဲ့တစ်နှစ်က အဖြစ်အပျက်တွေဆိုပေမယ့် အချိန်တွေအများကြီးကြာသွားခဲ့ပြီလို့ ခံစားနေရလေသည်။

" မြို့တော်ဆေးရုံကို ရောက်ရှိပါတော့မယ်။ ဆင်းမည့်ခရီးသည်များ အနောက်တံခါးမှာ ရပ်စောင့်ပေးကြပါ။ "

ဟိုးအရင်က မလှမပမှတ်ဥာဏ်အချို့ဟာ အခုတော့ တဖြည်းဖြည်း အနည်ထိုင်သွားခဲ့ပြီ။ လွီနင် ကားပေါ်ကဆင်းပြီး ဆေးရုံဆီလို့ လှမ်းလာခဲ့သည်။

လွီနင်အရင်ဆုံး လူစွမ်းအားအရင်းအမြစ်ဌာနကို သွားသင့်ပေမယ့်လည်း စီနီယာတို့ကို သွားနှုတ်ဆက်ချင်သည်။ တကယ်လည်း သူတို့တွေ အချိန်အတိုင်းအတာတစ်ခုအထိ အတူတူ အလုပ်လုပ်ခဲ့ကြတာဖြစ်သလို သူ့ကိုလည်း အလုပ်သင်ဘဝကတည်းက သေချာဂရုစိုက်စောင့်ရှောက်ပေးခဲ့ကြသည်လေ။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now