Chapter 28

3K 507 12
                                    

Unicode

လွီနင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ အတော်လေးကြာနေခဲ့ပြီ။ သူနိုးလာတော့ ဝေ့ဒါက အလုပ်သွားလေပြီ။ စားပွဲပေါ်တွင် ကိတ်မုန့်တစ်စိတ်နှင့် " ကိတ်မုန့်က စားကောင်းတယ်" လို့ရေးထားသည့် စာရွက်အပိုင်းလေးကို တွေ့လိုက်ရသည်။

မနက်ခင်းအစောကြီး ဒီလိုချိုတဲ့မုန့်တွေကို မစားချင်ပေမယ့်လည်း သူစိတ်ရွှင်နေတာကြောင့် တစ်ဖဲ့မြည်းကြည့်လိုက်သည်။

လိမ္မောသီးအနံ့လေးက သူ့ပါးစပ်ထဲမှာ ပျောက်ကွယ်ပြီး မလိုင်အရသာကလည်း တကယ်စားလို့ကောင်းသည်။

သူခန္ဓာကိုယ်မှာ နာကျင်မှုတွေရှိနေဆဲဖြစ်ပေမယ့် အရင်အခေါက်တွေထက်စာရင်တော့ သူလှုပ်ရှားရတာ ပိုအဆင်ပြေနေသည်။ လွီနင် သူ့ညီနှင့် အတူနေဖို့ဆုံးဖြတ်ခဲ့တာ သူတို့နောင်ရေးက ချောမွေ့သွားဖို့ အလားအလာပင်။

ကိုးနာရီထိုးတော့ လွီနင်အိမ်မှာနေရတာ ပျင်းလာတာကြောင့် အင်္ကျီလဲပြီး အပြင်ထွက်ခဲ့လိုက်၏။

အစပိုင်းက အိမ်နားရှိ သတင်းစာဆိုင်သွားပြီး သတင်းစာတစ်စောင်ဝယ်ကာ သူနှင့်သင့်တော်သည့် အလုပ်တစ်ခုလောက် ရှာကြည့်ဖို့ဆုံးဖြတ်ခဲ့သည်။ သို့သော် သူ့ခြေလှမ်းတွေက ဝေ့ဒါအလုပ်သို့ ရောက်ရှိလာခဲ့သည်။

မနက်ခင်းရှိသေး ကုန်တွဲအများကြီးက ရောက်နေတာကြောင့် ဝေ့ဒါ ချွေးသုတ်ရင်း စာရင်းစစ်နေရာမှ လွီနင် သူ့ဆီလာနေတာ လှမ်းမြင်လိုက်ရသည်။

" ကိုကို ဘာလို့ရောက်လာတာလဲ။ "

" မင်းကိုတွေ့ချင်လို့လေ။ "

ဝေ့ဒါ မျက်လုံးတွေမှေးကျဥ်းသွားသည်အထိ ပြုံးလိုက်သည်။

" ဝေ့ဒါရေ !"
ဆိုက်ထဲက ကောင်မလေးတစ်ယောက်က ဝေ့ဒါကို အော်ခေါ်လာသည်။

" ကိုကို ခဏလေးနော်။ " 
ဝေ့ဒါ ချွေးတွေကို လက်ဖမိုးဖြင့် တစ်ချက်ဖိသုတ်လုက်ပြီး ဆိုက်ထဲကို ပြေးဝင်သွားသည်။

" ကျွန်တော် ဒီသေတ္တာတွေကို စာရင်းမှတ်ပြီးပြီ။ ခဏနေရင် အပေါ်ထပ်ကို ရွှေ့လိုက်ပါ့မယ်။ သူတို့ဘက်ကလည်း လောနေတော့ ဒါတွေကို... "

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now