Chapter 25

3.1K 518 10
                                    

Unicode

ဒီရက်ပိုင်း လွီနင် ရူးသွားချင်လောက်အောင် ခေါင်းကိုက်ဝေဒနာကို ခံစားနေရသည်။

ခေါင်းကိုက်တာက အတော်လေးဆိုးရွားပေမယ့်လည်း တစ်ခုတော့ကောင်းသည်။ အနည်းဆုံးတော့ သူ့နောင်ရေးအကြောင်းမစဥ်းစားမိတော့ စိတ်မဆင်းရဲတော့ဘူးပေါ့။

" ကိုကို ဘာစားချင်လဲ။ ဆန်ပြုတ်သောက်နိုင်လား။ "

ဝေ့ဒါက လမ်း​​ဘေးစားသောက်ဆိုင်က ယူလာသော မီနူးစာရွက်တွေကို လှန်​လှော​​ကြည့်လျှက် လွီနင်ကို မေးလိုက်သည်။

လွီနင်က အိပ်ရာပေါ်တွင် ငြိမ်ငြိမ်​လေးသာ လှဲနေနိုင်သည်။ နည်းနည်း​လေး လှုပ်လှုပ်ရှားရှားလုပ်လိုက်တာနှင့် သူ့နားထင်က ကိုက်ခဲလာပြီး သူ့ဦးနှောက်တစ်ခုလုံး စူးအောင့်လာတတ်သည်။

" ငါ့ဖာသာပြုတ်လိုက်မယ်။ "

" ကိုကို လှဲနေလိုက်... မထနဲ့လေ။ "

" နေ့တိုင်း အပြင်စာတွေမှာစားပြီး ငါတို့ပိုက်ဆံတွေကို ဘယ်လိုလုပ်ဖြုန်းတီးပစ်နိုင်မှာလဲ။ ဒီအတိုင်းသာ စားသောက်နေကြရင် အနှေးနဲ့ အမြန် ငါတို့ငတ်သေကုန်လိမ့်မယ်။  "

ပိုက်ဆံကမှာ အဓိကပြဿနာပင်။ လွီနင်အလုပ်ပြုတ်ပြီးကတည်းက သူအလုပ်မလုပ်တာ အတော်လေးကြာနေလေပြီ။ ယခင်က သူစုဆောင်းထားသည့် လစာတွေကလည်း ဝေ့ဒါကို သင်တန်း​​​ကြေးပေးလိုက်၍ အတော်လေးကုန်သွားသည်။ လက်ကျန်ငွေလေးကလည်း သ်ိပ်မများတော့။ သူဘာကိုမှ သေချာမစဥ်းစားဘဲ ဝေ့ဒါနောက်လိုက်ခဲ့မိတာ အခုတော့ နောင်တရနေမိလေပြီ။

အရင်က အိမ်ကလည်း အိမ်ငှားကာလက မကုန်သေးပေ။ ငှားရမ်းကာလမကြာတဲ့ အိမ်ကို မရှာခဲ့မိတဲ့အတွက် သူအခုတော့ နောင်တရနေမိလေပြီ။

ဝေ့ဒါက ပရိုဂရမ်ရေးပြီး ပိုက်ဆံရှာနိုင်တယ်ဆိုပေမယ့်လည်း သူ့ဝင်ငွေက ပုံမှန်မရှ်ိသလို သူ့တို့ဘဝနေထိုင်မှုဖူလုံဖို့ရန်လည်း အခက်အခဲရှိပြန်သည်။

သူက ဆရာဝန်တစ်ယောက်ဆိုသော်လည်း လက်ရှိမှာ ဆေးမကုသနိုင်တော့။ သူဘယ်လိုအလုပ်မျိုးလုပ်နိုင်သေးလည်းဆိုတာလည်း သူမသိပေ။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now