Chapter 8

4.3K 704 6
                                    

Unicode

လွီနင် တက္ကသိုလ်တက်ချိန်က အချိန်ပိုင်းအလုပ်တွေအများကြီးလုပ်ခဲ့တာကြောင့် မနက်တစ်ပိုင်းသာ စာလုပ်ချိန်ရှိခဲ့သည်။ သူ့အတန်းဖော်ကို နှောင့်ယှက်မိမှာလည်းစိုးရိမ်တာကြောင့် မနက်စောစောထားတာ အကျင့်ဖြစ်လာတော့သည်။

လန်းဆန်းတဲ့မနက်ခင်းလေးမှာ လွီနင် ပဲနို့ဝယ်ထွက်ခဲ့ကာ တစ်ဘူးကိုသူသောက်ပြီး နောက်တစ်ဘူးကို စားပွဲပေါ်တက်ခဲ့လိုက်သည်။

ဝေ့ဒါ ဒီအချိန်ဆိုအိပ်နေဦးမယ်လို့ လွီနင်တွေးလိုက်သည်။ အမှန်က ဝေ့ဒါက အိပ်မောကျရုံသာ။ သူကအများအားဖြင့် မျက်လုံးတွေကိုပ်ိတ်ပြီး အိပ်ပျော်ချင်ယောင်ဆောင်နေတာပင်။ ဒါပေမယ့် ဒီနေ့တော့ တစ်စုံတစ်ယောက်ရဲ့ ပုံမှန်အ​လေ့အကျင့်တွေ ကူးစပ်သွားတာကြောင့် အိပ်ရာပေါ်မှာ ထိုင်နေလေသည်။

"ဒီနေ့စောလှချည်လား။ "

" အစ်ကို့ဖုန်းလာတယ်။ "
ဝေ့ဒါက ဖုန်းကို ပစ်ပေးလိုက်သည်။

လွီနင် ဖုန်းကိုယူကြည့်လိုက်တော့ လျိုကျင်းခေါ်ထားတာဖြစ်နေသည်။ သူပြုံးလိုက်ပြီး ဖုန်းပြန်ခေါ်လိုက်သည်။ ဖုန်းကနှစ်ခါလောက်မြည်ပြီး ဝင်သွားရုံရှိသေး ရုတ်တရက် ဝေ့ဒါက သူ့လက်ကို ဆွဲလာသည်။

"ဘာဖြစ်လို့လဲ။ "

လွီနင် ဝေ့ဒါစိတ်ရှုပ်နေတာကို တွေ့လိုက်ရသလို သူ့လက်ကောက်ဝတ်ကအားကြောင့် လွီနင် မျက်မှောင်ကြုတ်လိုက်မိသည်။

"…"

" လွီနင် ငါတို့ ဒီနေ့အတူသွားကြမလား။ "
ဖုန်းထဲက ကောင်မလေးရဲ့အသံက ထွက်ပေါ်လာသည်။

" အင်း... ငါဆင်းလာခဲ့လိုက်တော့မယ်။ "

ဝေ့ဒါကိုင်ထားတဲ့လက်ကို ဖယ်ရင်း ပြန်ဖြေလိုက်သည်။ ထူးဆန်းနေတဲ့ ဝေ့ဒါကို လွီနင်ခေါင်းမော့ကြည့်လိုက်သည်။

" ငါ အလုပ်သွားတော့မယ်။ ပဲနို့ကို ပူတုန်းလေးသောက်လိုက်နော်။ "

လွီနင့်အသံက နူးညံနေလေသည်။

ဝေ့ဒါသူ့ကိုလွှတ်လိုက်သည်။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now