Chapter 11

3.8K 656 5
                                    

Unicode

လွီနင် တစ်နေ့လုံးဖျားနေတယ်ဆိုသော သတင်းကို ကြားကြားချင်းပဲ လျိုကျင်း အလုပ်ဆင်းတာနှင့် ချက်ချင်းပြေးလာခဲ့သည်။

လျိုကျင်း ဂျင်းပြုတ်ရည်ကို ပန်းကန်လုံးထဲထည့်ကာ ယူလာခဲ့သည်။

"နင်ကတော့လေ...ရာသီဥတုက ဒီလောက်လောက်အေးနေတာကို အပြင်မှာ လျှောက်သွားနေပြီး မဖျားမှ ထူးဆန်းနေဦးမှာ " 

" ငါ အတော်လေး သက်သာလာပါပြီ။ မနက်ဖြန်ဆို အလုပ်တက်နိုင်လောက်ပါတယ်။ "

လွီနင်က အိပ်ရာကို မှီထိုင်နေပြီး ခန္ဓာကိုယ်အပူချိန်ကတော့ နည်းနည်းပူနေတုန်းဆိုပေမယ့် မနေ့ကထက်တော့ သက်သာလာလေပြီ။

" ငါ တက္ကသိုလ်တက်တုန်းကဆို ကောင်းကောင်းမွန်မွန် ဝတ်စရာကို မရှိဘူး... အခု အလုပ်ရတော့ ငါကြည့်ကောင်းလာတယ်မလား ။ "

" အခုက နင်ရုပ်ရည်ကို ဂရုစိုက်နေရမယ့် အချိန်မဟုတ်ဘူး။ "

လျိုကျင်း သူ့ဘေးတွင်ထိုင်နေသော ဝေ့ဒါကို တစ်ချက်ကြည့်လိုက်သည်။ သူ့မမျက်ဝန်းတွေကတော့ နှစ်လိုမှုတစ်စက်လေးတောင် မရှိပေ။

ရုတ်တရက် လွီနင်က ပြောလိုက်သည်။
" မနေ့က ငါ့ကို ဂရုစိုက်ပေးထားတဲ့အတွက် ကျေးဇူး ဝေ့ဒါ... ကြည့်ပါဦး... ညီလေးတစ်ယောက်ရှိတာ ဘယ်လောက်ကောင်းလဲ... အရမ်းအဆင်ပြေတာပဲ။ "

ဂရုစိုက်ပေးတယ်လား... လျိုကျင်း ဝေ့ဒါဘက်က်ို ထပ်ကြည့်လိုက်သည်။ သူခန္ဓာကိုယ်ပေါ်က ပတ်တီးတွေကို သူကိုယ်တိုင်စီးတာ လုံးဝမဖြစ်နိုင်။ ဘယ်သူက ဂရုစိုက်ခံလိုက်ရတာလဲ။

လျိုကျင်း ဝေ့ဒါကို မေးလိုက်သည်။
"နင် အဆင်ပြေလား။ "

" ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော်က ဘာမှအရေးမပါတဲ့လူတစ်ယောက်ပါ။ ပြီးတော့ သူတို့ကလည်း ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေကြတော့ ဘာမှ လုပ်နိုင်ကြသေးမှာ မဟုတ်ဘူး။ ဒါက ဒဏ်ရာသေးသေးလေးတွေပါပဲ။ "

သာမန်လူတစ်ယောက်တောင် သူတို့ဘာတွေပြောနေလဲဆိုတာ ချက်ချင်းသိနိုင်သည်။ လျိုကျင်းက မကျေမနပ်ဖြင့်
" တကယ်လို့... သူတို့က ပြဿနာထပ်လာရှာခဲ့ရင်ရော..."

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now