Chapter 23

3.3K 568 14
                                    

Unicode

" စျေးကြီးလိုက်တာ !"

လက်မှတ်ရုံရှေ့မှာရပ်ပြီး လက်မှတ်စျေး​နှုန်းတွေကိုကြည့်လျှက် လွီနင် ပါးစပ်အဟောင်းသားဖြစ်နေ၏။

လွီနင် သူအပန်းဖြေဥယျာဥ်ကို မရောက်တာ ဘယ်လောက်ကြာပြီလဲဆိုတာတောင် သူမေ့နေပြီ။ သူမှတ်မိသလောက်ဆို လက်မှတ်စျေးက ၁၀ ယွမ်ပဲရှိတာကို အခုတော့ ယွမ် ၁၀၀ တောင်ကျော်နေပြီ။

" တခြားနေရာကိုပဲ သွားရအောင်။ "

" လက်မှတ်က ဝယ်ပြီးသွားပြီ။ "
ဝေ့ဒါ သူ့လက်ထဲက လက်မှတ်နှစ်စောင်ကို မြှောက်ပြလိုက်သည်။

" ဒီနှစ်ပတ်ထဲ အကုန်အကျတွေများနေတယ်လေ။ "

လွီနင်မှာ အလုပ်မလုပ်နိုင်တာကြောင့် ငွေဝင်ပေါက်မရှိတော့။ ပိုက်ဆံတွေ အများကြီးသုံးလိုက်ရတာကိုမြင်တော့ သူ့နှလုံးသားလေး နာကျင်သွားရလေသည်။

" မင်းက လက်ဖွာလွန်းတယ်။ ရှေ့နောက်မကြည့် စိတ်လိုက်မာန်ပါလုပ်နေတော့တာပဲ။ ငါတို့ ထပ်တိုင်ပင်ဖို့လိုနေပြီ။ အတိုင်းအဆမသိဘဲ ဒီလိုသာဆက်သုံးနေရင် နောက်ရက်တွေ ငါတို့ရေပဲသောက်နေရလိမ့်မယ်။ "

" ကျွန်တော်သာ အားလုံးကို ကိုကိုနဲ့ လိုက်တိုင်ပင်နေရရင် ကျွန်တော်လိုချင်တာ ဘာမှရမှာမဟုတ်တော့ဘူး။ "

ဝေ့ဒါ ပြုံးလိုက်ပြီး လွီနင်ကို လက်မှတ်စစ်ရုံထဲ ဆွဲခေါ်လာခဲ့တော့သည်။
" ဘာလို့ ဒီကိုလာလဲဆိုတာ ကျွန်တော်ထက် ကိုကိုက ပိုသ်ိသင့်တာပေါ့။ "

လွီနင် သူစကားလွန်သွားတာကို နားလည်သွားတာကြောင့် လွီနင်ခဏလောက်စဥ်းစားလိုက်ပြီး ပြန်မေးလိုက်သည်။

" အဲ့ဒီတော့ မင်း ကစားကွင်းကို အရမ်းတွေ လာချင်နေတာပေါ့။ "

"... ကိုကို မေ့သွားပြီလား။ "

" ဘာကိုလဲ။ "

" ကိုကိုပဲ ကျွန်တော့်ကို ကစားကွင်းလိုက်ပို့ပေးမယ်လို့ ပြောခဲ့တာလေ။ "

လွီနင် ကြက်သေ​သေသွား၏။

နွေဦးရာသီက နှစ်တစ်နှစ်၏ အလှပဆုံးအချိန်ပင်။ နေရောင်က အရမ်းကြီးမပူပြင်းဘဲ နွေးရုံလေးသာ။ ရုတ်တရက် ထိုအချိန်က နေရောင်အောက်မှာရပ်နေခဲ့သည့် ကောင်လေးကို အမှတ်ရသွားသည်။ ထိုကောင်လေးက အခုတော့ သူတောင်မသိလိုက်ဘဲ သူ့ထက်အရပ်တောင် ပိုရှည်လာပြီ။

Nowhere to Go (Myanmar Translation) ✔️Onde histórias criam vida. Descubra agora