ဟီလာရဲ့အိမ်ရှေ့စံလေးဟာ စောစောစီးစီး ဒေါသထွက်သွားပုံရတယ် သူရဲ့ကျောက်စိမ်းရောင် ဓားသွားဟာ ဟွာလန်ဘုရင်ကြီးရဲ့ လည်ပင်းထက်သို့ရောက်ရှိလာသည်....။
ဒီအိမ်ရှေ့စံနဲ့တော့ အကြမ်းရည်တောင်အေးဆေးမသောက်ရပါလား သောက်လက်စ အကြမ်းရည်ခွက်အား စားပွဲပေါ်အသာချကာ မော့ကြည့်လိုက်သည် မနေ့ကလိုပူပူပြင်းပြင်းမီတောင်လေးမဟုတ်တော့ပဲ ငိုချတော့မဲ့ ကောင်းကင်လေးလို မှိုင်းညှို့ညှို့....။
"ဟွာလန်ရဲ့ရှင်ဘုရင်ကိုတောင် ဓားနဲ့ရွယ်ရဲတဲ့ အိမ်ရှေ့စံရဲ့ သတ္တိကလဲ တကယ်မသေးဘူးနော်...."
စကားဆုံးသည်နဲ့ လည်ပင်းထက် ချိန်ရွယ်ထားသော ဓားပါးသည် ကြမ်းပြင်ပေါ်သို့ လျှင်လျှင်မြန်မြန်ကျရောက်သွားပြီး အိမ်ရှေ့စံဟာ နောက်သို့ဆုတ်ရင်း အိပ်ဆောင်ပေါ်ဖင်ထိုင်ချလိုက်သည်။
"ဓားကထုတ်ပြီးပြီဆိုရင် ပြန်မသိမ်းရဘူး ယူရမဲ့အသက်ကို မဖြစ်မနေယူရမယ်လေ တော်ဝင်မျိုးနွယ်လုပ်နေပြီး ဒါလေးတောင်မသိဘူးလား....."
အကြမ်းရည်ဆက်သောက်ရင်း အေးစက်စွာပြောနေတဲ့ အရှေ့ကလူဟာ တကယ်ပဲ ဟွာလန်ရဲ့ ဘုရင်တဲ့လား......။
"အဲဒါဆို မင်းကရော ဟွာလန်ရဲ့ဘုရင်ဖြစ်နေပြီး ဟွာလန်နဲ့ ဟီလာကြားက စည်းကမ်းချက်ကိုမသိဘူးလား....!"
မင်းတဲ့လားဘုရင်ပါလို့ဝန်ခံထားတာတောင် ရိုင်းလိုက်တဲ့အိမ်ရှေ့စံလေး မွေးကတည်းက
ခမည်းတော်ကအစ မယ်တော်အဆုံး တစ်တိုင်းပြည်လုံးက အလေးထားဆက်ဆံခံခဲ့ရသူဖြစ်လို့ မင်းဆိုတဲ့အသုံးနှုန်းမှာနည်းနည်း အောင့်သက်သက်ခံလိုက်ရသည်....။
"ဟွာလန်ရဲ့ ကြီးမြတ်တဲ့ဘုရင်ဖြစ်တဲ့ ကိုယ်တော့်ကို ဓားနဲ့အန္တရာယ်ပြုလာခဲ့ရင်တော့ စည်းကမ်းတွေဘာတွေနားမလည်ဘူး အပြစ်ပေးမှာကထုံးစံပဲလေ...... မင်းလို နိုင်ငံရတနာလေးဆိုရင်တောင်မှပေါ့...."
"ကိုယ်ရံတော်ဘယ်မှာလဲ ခေါ်ပေး ငါခုချက်ချင်းပြန်မှဖြစ်မယ် ခမည်းတော်စိတ်ပူနေလိမ့်မယ်...."
"ကိုယ်တော်က အိမ်ရှေ့စံလိုမဟုတ်ပါဘူး ဧည့်ဝတ်ကျေတဲ့ အိမ်ရှင်တယောက်ပါ မင်းရဲ့ကိုယ်ရံတော်ကိုလဲ အေးအေးဆေးဆေးအနားယူခိုင်းထားတယ် ပြီးတော့ဟီလာကို လဲ စာလွှာပို့ထားပြီးပြီ စိတ်အေးအေးထားပါ မလောပါနဲ့......"
ESTÁS LEYENDO
☀️Sun & Moon🌕