" ကိုကို... ထွက်သွားလို့မရဘူးနော်၊ သိတယ်မလား။ "

"…"

လွီနင်က သူ့ကိုနောက်ကျောပေးကာ တစ်ဖက်သို့ လှည့်သွားလေ၏။

ဝေ့ဒါက အဖြေကို ခဏလောက်စောင့်ဆိုင်းနေပြီးမှ သဘောတကျ ရယ်မောလိုက်ချေ၏။

" ဟုတ်သားပဲ... ကျွန်တော် ကိုကို့ကို ကြိုးနဲ့ချည်ထားတာကို၊ ကိုကို ထွက်ပြေးလို့မရနိုင်တော့ဘူး။ "

တံခါးပိတ်သံကို ကြားလိုက်ရတော့ လွီနင် သူ့မျက်လုံးတွေကို အောက်ငုံ့လျှက် သူ့လက်ကောက်ဝတ်မှာ ချည်ထားသော ကြိုးကို သေချာကြည့်လိုက်သည်။

ဝေ့ဒါက အနီးဆုံး ငွေထုတ်စက်ကို အမြန်လေးလျှောက်လာခဲ့သည်။ လွီနင်ကို မမြင်မတွေ့နေရရင် သူ့စိတ်ခံစားချက်တွေက မလုံခြုံသလို အဆင်ပြေမနေပါ။ လွီနင်က ဖျား​နေပြီး မထနိုင်တာကြောင့် ဒီအချိန်ကြီး လုံးဝထွက်ပြေးလို့ရမှာ မဟုတ်သေး။

သူကိုယ်တိုင် ကြိုးနဲ့ချည်ထားခဲ့တာတောင် စိတ်မချနိုင်သေးဘူး။

အစကတော့ ဒီလိုမျိုးအထိလုပ်ဖို့မလိုအပ်ခဲ့ပေမယ့် အဲ့ဒီနေ့က သူဆေးရုံကိုသွားတော့ လွီနင်က ပညာတော်သင်အနေနဲ့ နိုင်ငံခြားကို နှစ်နှစ်သွားရမယ်လို့ ကြားခဲ့ရတယ်။

နှစ်နှစ်တောင်…

အကယ်၍ လွီနင်ကိုသာ တစ်ညလောက်​တောင်မမြင်ရလျှင် လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက သူပြိုလဲသွားခဲ့ပြီးပြီ။

လွီနင်က ပေါ်လွယ်ပျောက်လွယ်တဲ့ လူတစ်ယောက်။ အတိတ်နေ့ရက်တွေကိုသေချာပြန်စဥ်းစားကြည့်လိုက်လျှင် အင်မတန်မှ ရွံရှာစက်ဆုပ်ဖွယ်ရာပင်။

သူတို့နှစ်ယောက်လုံးက ယောကျာ်းတွေ၊ ညီအစ်ကိုတွေပင်။ ဒါ့အပြင် လွီနင်ကလည်း ဒီလိုမျိုးတွေ မလုပ်ချင်ဘူး။ သူကသာ ဒီအခြေအနေကိုရောက်တဲ့အထိ တစ်ဆင့်ပြီးတစ်ဆင့် အတင်းအကျပ် ဖိအားပေးခဲ့တာပင်။

ဒီနေရာကနေသာ လွီနင် ထွက်ခွာသွားကြည့်၊ သူ့ရဲ့နဂိုဘဝဖြစ်တဲ့ ကောင်မလေးတစ်ယောက်ကို ချစ်ပြီး လက်ထပ်ကာ ပျော်ရွှင်တဲ့ ဘဝ​လေးကို ရသွားလိမ့်မယ်။ ပြီးတော့ သူ(ဝေ့ဒါ)နဲ့အတူ ကျော်ဖြတ်ခဲ့ကြတဲ့ လက်ရှိအချိန်တွေကိုလည်း မေ့ပစ်လိုက်လိမ့်မယ်။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now