" အိုဆယ်ရေ အဲ့တာ ငါတို့ဘက်ဟ !!! "

" Oops ! ဟုတ်သား "

ဒိုဘယ်အော်သံကြောင့် ကွင်းထဲရယ်သံများဖုံးလွှမ်းသွားသည်။ဆယ်ဟွန်းလည်း အယောင်ယောင်အမှားမှား ဖြစ်ကာ ဘောလုံးကို ဘယ်သူမှမပေးဘဲ လက်တွေနဲ့တွန်းကာ ဂိုးပေါက်နား လှိမ့်ကာ သွင်းလိုက်သည်။

" ဂိုးးး !!!! "

အချိန်လည်းစေ့ ဂိုးလည်းဂိုးတာမို့ ဆယ်ဟွန်းတို့ အတန်းသားတွေကတော့ သူတို့နိုင်ပြီဆိုကာ ထအော်ကြလေသည်။ ဆယ်ဟွန်းကိုလည်း တစ်ခြားသူငယ်ချင်းတွေက ချီကာလေထဲမြှောက်ကြသည်။

ဆယ်ဟွန်းလည်း သူငယ်ချင်းတွေနဲ့ အတူအော်ရင်း Suit အပြည့်နှင့်စမတ်ကျကျ ထိုင်နေသော ဦးကိုတွေ့လိုက်ရသည်မို့ ပိုတောင်ပျော်သွားသည်။

ပွဲပြီးတာနဲ့ ဦးကို ခဏစောင့်ဖို့ ပြောခဲ့ကာ သန့်စင်ခန်းထဲပြန်ဝင် အင်္ကျီလဲကာ ဖင်ကပ်ဘဲကျန်တော့တဲ့ ရေမွှေးကို မရမက အင်္ကျီပေါ်မှာ ဖြန်းကာ အပြင်ထွက်လာလိုက်သည်။

" ချွေးတွေရွှဲနေတာဘဲ မောသွားပြီလားဟွန်းငယ် "

wet tissue လေးနဲ့ သူ့မျက်နှာကို ဖွဖွလေးသုတ်ပေးတဲ့ ဦးရယ်ပါလေ။ဒီလူကြီး ကြာလေကြာလေ ပိုချစိဖို့ကောင်းလာတယ်။

" နည်းနည်းဘဲ မောတာပါဦးရဲ့ …  ဦးက ဘယ်လိုလုပ်ရောက်လာတာလဲ ဟွန်းငယ်က ပွဲပြီးမှ ph တက်မလို့ဟာ "

ဦးက ရေဘူးလေးဖွင့်ပေးလာတာမို့ ယူသောက်လိုက်သည်။

" လာဖမ်းတာလေ … ဟွန်းငယ်က အိမ်မှာလိမ်ပြီး ဂိမ်းသွားသွားဆော့နေကြဆိုတော့ အခုလည်းဦးကို လိမ်ပြောတာလားလို့ … "

" ဦးနော် ဟွန်းငယ်က လိမ်မာနေပါပြီနော် ဂိမ်းဆိုင်လည်းမသွားတော့ပါဘူးနော် "

" ဟားး ဟားး ဟုတ်ပါပြီ"

" ဆယ်ဟွန်းရေ ငါတို့မုန့်စားကြဦးမှာ လိုက်ဦးမလား "

" မလိုက်တော့ဘူး မင်းတို့ဘဲစားတော့ "

ဂျုံအင်လည်း ဟွန်းငယ်ကို မုန်စားမလားမေးတော့ အိမ်ပြနိပြီးရေချိုးချင်နေပါပြီတဲ့လေ။အိမ်ကိုဘဲ အရင်ပို့ပေးလိုက်တော့ သူ့ကို မပြန်ခိုင်းသေးဘဲ အိမ်မှာဘဲနေခိုင်းသည်။

BELOVED [ Completed ]Where stories live. Discover now