" မဟုတ်ပါဘူး ဦးက Company ကအပြန် Latte တစ်ခွက်လောက် သောက်ချင်လို့ နီးစပ်ရာ ဆိုင်ကိုဝင်လာတာ … ဟွန်းငယ် ဒီမှာလုပ်နေတာကြာပြီလား "

" ကြာသေးပ်ါဘူး  ဒီနေ့မှလုပ်တာ ဦး Latte သောက်မှာလားဟင် "

" အင်း ဦးကို တစ်ခွက်ပေး ဘယ်ချိန်အလုပ်ပြီးမှာလဲ ဟွန်းငယ် "

နံရံပေါ်က တိုင်ကပ်နာရီလေးကိုတစ်ချက်ကြည့်လိုက်ပြီး

" နောက် နာရီဝက်ဆိုပြီးပြီ "

" အိမ်ကိုဦးလိုက်ပို့ပေးမယ် "

" ကျေးဇူးပါဦး "

Latte တစ်ခွက်ရလာတာနဲ့ ဂျုံအင်လည်း ထောင့်နားကတစ်ယောက်ထိုင် ထိုင်ခုံလေးမှာထိုင်ကာ သောက်နေလိုက်သည်။ ဆိုင်ထဲက ဟွန်းငယ်ကို ကြည့်လိုက်တော့ အမှာစာတွေကို ကျွမ်းကျင်စွာလုပ်နေသည်။ကြည့်ရတာ ဒီနေ့မှ စ အလုပ်ဝင်တဲ့ပုံမပေါ်ပါ။

ဂျုံအင်လည်း ဟွန်းငယ်ကိုကြည့်လိုက် မှန်ကနေ အပြင်ကိုလှမ်းကြည့်လိုက် လုပ်ကာ Latte ကိုအေးဆေးသောက်နေလိုက်သည်။

ဆယ်ဟွန်း အလုပ် လုပ်နေရင်း ထောင့်နားမှာထိုင်နေတဲ့ ဦးကိုခဏခဏဆိုသလို ကြည့်မိသည်။ဦးကတော့ အေးဆေးသောက်နေကာ တစ်ခါတစ်ခါ သူနဲ့ မျက်လုံးချင်းဆုံမိရင် ပြုံးပြတယ်။ ဦးတစ်ခါပြုံးပြတိုင်း ရင်ဘက်ထဲက နှလုံးကြီးက ခုန်နေလိုက်တာဆိုတာ အခုန်လွန်ပြီးအပြင်ထွက်လာမလားတောင်မှတ်ရတယ်။

ဘေးကကောင်မလေးတွေက ဦးကိုကြည့်နေပေမယ့်လည်း ဦးကဂရုမစိုက်ဘူး။ အေးဆေးLatteလေးဘဲသောက်နေတယ်။

အလုပ်ပြီးလို့ လွယ်အိတ်သေးသေးလေးလွယ်ပြီးအပြင်ထွက်လာတော့ ဆိုင်ထဲဦးကိုရှာမတွေ့တော့ပါ။အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့မှ ကားကိုမှီထားပြီး ဘောင်းဘီထဲလက်ထည့်ကာရပ်နေပုံက မသိရင် မင်းသားအလားဘဲ။ ဦးသာ model လုပ်လို့ကတော့ တကယ်ကိုအောင်မြင်မှာ။

ဆိုင်ထဲမှာ Hyungဆီက အချိန်ပိုင်းအလုပ်အတွက်ပိုက်ဆံကိုယူပြီး ပိုက်ဆံတွေကိုယူလိုက်ကာ အိတ်လေးထဲထည့်ပြီးအပြင်ထွက်လာလိုက်သည်။

BELOVED [ Completed ]Where stories live. Discover now