109 (part 1)

Depuis le début
                                    

တခဏလောက်ကြာတော့ ပြန်ရောက်လာတယ်၊ပြီးတော့ ဇဝေဇဝါနဲ့ ဝေခွဲမရဖစ်နေတဲ့ပုံနဲ့လျှောက်တင်လိုက်တယ်"သခင်မလေး5ကို လျှောက်တင်ပါတယ်၊ဒီလူတေအကုန်လုံးက ကူလင်းစားသောက်ဆိုင်မှာ စားသောက်ဖို့ရောက်လာကြာတာပါ"

"ဘာ!"သခင်မလေးယွမ်က သူမရဲ့အသံကိုတောင်မထိန်းနိုင်ဘဲ အော်ပြောမိသွားတယ်။အဲ့လိုမဆင်မခြင်အပြုမူကြောင့် သခင်မလေးစုဆီက ဆိုးဆိုးဝါးဝဝါးအကြည့်တချက်ကိုရင်ဆိုင်လိုက်ရတယ်။

သခင်မလေးစုက ခဏလောက်ငြိမ်စဉ်းစားပြီးတော့ သူမရဲ့ အကင်္ျီလက်ထဲကနေ ဖိတ်စာ 2စောင်ထုတ်ပြီး လှည်းသမားကိုလှမ်းပေးလိုက်တယ်။

"ဒီဖိတ်စာနှစ်စောင်ကို စားသောက်ဆိုင်မန်နေဂျာကိုပေးလိုက်၊ပြီးတော့ တွေ့ဆုံဖို့လာရောက်တဲ့အကြောင်းပါထည့်ပြောခဲ့"
လှည်းသမားလည်း ဖိတ်စာယူပြီးထွက်သွားတယ်။

သိပ်မကြာခင်မှာဘဲ လှည်းမောင်းသူက မန်နေဂျာကျင်းနဲ့အတူ ထက်မြတ်တဲ့ပုံပေါ်တဲ့ အကြီးတန်းအစေခံတစ်ဦးကိုပါ ခေါ်ဆောင်လာတယ်။

မန်နေဂျာကျင်းက ယင်အိမ်တော်ရဲ့လှည်းကို ဆိုင်ရဲ့အနောက်ဘက်အပေါက်ဆီကိုမောင်းသွားဖို့ညွှန်ကြားလိုက်တယ်၊ပြီးတော့ အမျိုးသမီးဧည့်သည်များအတွက်ပြင်ဆင်ထားသော အတွင်းပိုင်းဟောခန်းထဲကိုဝင်ဝင်ချင်းဘဲ အကြီးတန်းအစေခံကျုံးကလာရောက်ခေါ်ဆောင်ပြီး အတွင်းအခန်းငယ်လေးဆီကိုပို့ဆောင်ပေးတယ်။

အမျိုးသမီးအစေခံတွေကိုလည်းယင်အိမ်တော်ရဲ့သခင်မလေး‌ေတွကို ကြိုဆိုနှုတ်ဆက်ဖို့တခါတည်းညွှန်ကြားလိုက်တယ်။

သခင်မလေးတွေအခန်းထဲမှာထိုင်ပြီးတော့မှဘဲ ဘေးကနေရိုရိုသေသေနဲ့ ပြောလိုက်တယ်"သခင်မလေးတို့ ခဏလောက်စောင့်ပေးပါ၊ကျွန်မတို့ရဲ့တတိယသခင်မလေးက မကြာခင်ရောက်လာပါလိမ့်မယ်"

သခင်မလေးဖူက အကြီးတန်းအစေခံကျုံးကို မျက်တောင်မခတ်ဘဲကိုစိုက်ကြည့်နေတယ် ၊သူမရဲ့မျက်လုံးတေက တလက်လက်တောက်ပနေတယ်၊ဒါပေမယ့် ဘာမှတော့မပြောခဲ့ဘူး။

Transmigrator meets reincarnator (mmtranslation)Où les histoires vivent. Découvrez maintenant