"မနက်ဖြန်ကျရင် အိမ်မှာ စတုဒိသာလုပ်မယ်။ ဘရဏီနဲ့လာခဲ့နော် အစ်ကို​နေ​သော်"

မိန်းက​လေး​တွေနဲ့ ​ရော​ရော​နှော​နှောမ​နေတတ်တဲ့အညာသားနဲ့ မိန်းမဆန်တဲ့ ယဥ်တစ်ကိုယ်မယ်တို့က ရင်းနှီးပုံမရ။ အဖွဲ့လိုက်သွားလာတာ​တွေရှိ​ပေမယ့် ခုချိန်ထိ ​တေ့ဆိုင်စကားခြင်းမျိုးမ​တွေ့ဖူး​သေး။

"ဟ နင်က ငါတို့ကျ မဖိတ်ဘူး"

​နောက်ထပ်​ရောက်လာသူက ​ဇော်ထက်ဖြစ်သည်။ ​ရေစိုစိုအဝတ်​တွေကြား စူးရှ​နေတဲ့ယမကာနံ့​ကြောင့် ယဥ်တစ်ကိုယ်မယ်တစ်​ယောက် ​ထိုင်​နေရာကရို့သွား၏။ ယဥ်တစ်ကိုယ်မယ်နား ဝင်ထိုင်​တော့မယ့် ​ဇော်ထက်လက်ကိုလှမ်းဆွဲပြီး​ ကျွန်​တော်နဲ့နေရာ​လဲလိုက်​ရသည်။

"​အရင်ရက်တည်းက​ပြောတယ်​လေ။ နင့်ဘာသာမမှတ်မိတာ။ ဇာမဏိကို​​တောင်​ခေါ်​သေးတယ်"

"​ပြော​သေးလား။ ငါ​မေ့တာ​နေမယ်။ ဘရဏီက ငါ့ကို fb acc အပ်ထားတာလည်း confirm ဖို့မေ့​နေတာဟာ။ အ​ပြောခံလိုက်ရတာ အကြာကြီး သိလား အစ်ကို​နေ​သော်။ ဘရဏီက အရမ်းစွာတယ်။ ကြုံတုန်း အစ်ကို့အ​​ကောင့်ကို ကျွန်​တော်လာအပ်ဦးမယ်။ ဒီဟာမလား"

"အင်း ဟုတ်တယ်"

"ညီမလည်း အပ်မယ်​နော်"

"Ok နှစ်​ယောက်လုံးကို confirm လိုက်ပြီ"

"ဘာ​တွေ confirm ​နေကြတာလဲ"

​ရေကစား​နေရာဆီက ညီမ​လေးတို့ပါ ​ရောက်လာ​တော့ အဖွဲ့က မျက်နှာချင်းဆိုင်လူစုံသွားသည်။ မကြာခင် ​နေ့လယ်စာစားချိန် ခဏနားကြဦးမည်။

"ကို​နေ​သော့် Facebook acc ​လေဟာ။ ​ဇာမဏိ ဘယ်လဲ!"

"​ဟိုဘက်"

"​နေ့လယ်စာချိန်နား​တော့မှာ ​ဟေ့​ရောင်..."

​ဇော်ထက် ထပ်​အော်​ပြောတာကို လှည့်မကြည့်​တော့။ ​အ​စောပိုင်းကပဲ စကား​တွေ​ဖောင်ဖွဲ့​နေသူက ရုတ်တရတ်ဘာဖြစ်မှန်းလဲမသိ။ ​သင်္ကြန်ရနံ့ထဲမှာ ဆယ်​ကျော်သက်​တို့ရဲ့​ပျော်ရွှင်ခြင်း​လေပြည်တို့ပါ သင်းပျံ့​မွှေးလို့...။

×××××××××××××××××××××××××××××××××××××

- ကျွန်​တော် တစ်မျိုးကြီးဖြစ်​နေတယ် အစ်ကို။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now