"Gas ပါတဲ့ အအေးတွေက သွားပျက်ဆီးတယ်ဆို"
ငုံ့ကိုင်းလာတဲ့မျက်နှာက ရေစက်တွေသီးနေသည်။ တစ်မနက်လုံး ဇော်ထက်တို့နဲ့ပျောက်နေရာက ဘယ်ကဘယ်လိုရောက်လာမှန်းမသိသူက ကျွန်တော်ဘေး ကပ်သပ်တိုးထိုင်၏။
"တစ်ခါတစ်လေရပါတယ်"
"တစ်ခါတစ်လေတွေများလာရင် ဘေးဖြစ်လိမ့်မယ်"
မနေ့က deshboard ပေါ်ပစ်တင်မိခဲ့တဲ့ Pocari Sweat ကိုအမှတ်ရတော့ ကျွန်တော်ပြုံးမိ၏။ ကျွန်တော့်နှုတ်ကထွက်တဲ့ အမှတ်တမဲ့စကားတွေက သူ့ဆီမှာမှာတ်ဥာဏ်တွေအဖြစ် သူ့နေ့ရက်တွေထဲထည့်သွင်းထားပုံရသည်။။ sound box တွေက လာတဲ့ beat သံတွေကြောင့် စကားပြောတိုင်း ခေါင်းချင်းဆိုင်ရတဲ့အဖြစ်မှာ ကျန်တော့်အပေါ်ဂျာကင်ရဲ့ ရင်ဘတ်အိတ်ကပ်ထဲထိုးစိုက်ထားတဲ့ ပိတောက်ခတ်ဆီ ခြေရာကျန်နိုင်လောက်သည့်အကြည့်တစ်ချက်က လွင့်ခနဲစင်သည်။ ကျွန်တော်မော့ချမိတဲ့ Pocari Sweat ထဲ ပိတောက်ရနံ့နဲ့ အကြည့်တစ်စက လုံးထွေးပါလာ၏။
"ဇော်ထက်တို့နဲ့အတူတူမသောက်ဘူးလား"
"အခါကြီးရက်ကြီး"
"သိတတ်သေးတာပဲ။ ဒါနဲ့ နေပါဦး။ အသက်က အခုမှ ၁၈တောင်မပြည့်သေးဘူးမလား။ ဘယ်ချိန်တည်းက သောက်တတ်နေတာလဲ။ ဟိုတစ်ခါ sky bar မှာတည်းက သတိထားမိတာ။ skill က inter level ကိုတောင် လွန်ချင်နေသေးတယ်"
"အာ...အဲ့လိုတော့မဟုတ်ဘူး။ အညာမှာက ထန်းရည်ပေါတယ်လေ အစ်ကိုရ။ ပြီးတော့ ဆယ်တန်းအောင်တုန်းက နည်းနည်း။ ဟိုမှာကျ ချက်အရက်တွေရှိတယ်။ ချက်အရက်ကပြင်းတယ်လေ။ sky bar မှာသောက်တဲ့ဟာတွေက ချက်အရက်လောက်တောင် မပြင်းဘူး"
လှစ်ခနဲနင့်နေအောင် သူပဲပြုံးတတ်၏။ သေသပ်ပိရိတဲ့နှုတ်ခမ်းပါးအောက်ရှိ သွားစွယ်ချွန်က အဆိပ်လူးထားတဲ့ မြားဦးထိပ်လို တောက်ပသည်။ နေခြည်နွေးဖြန်းထားလို့ နဂိုရေစိုထားတဲ့မျက်နှာဝင်းမွတ်ကို ယဥ်တစ်ကိုယ်မယ် ငေးခနဲဖြစ်ပြီးမှ ခေါင်းငုံ့သွားတာကို သူကတော့မသိ။
Epi_19
Bắt đầu từ đầu