Chapter 38 << Final >>

Start from the beginning
                                    

" အပြင်မှာ ဒီလောက်အေးနေတာကို အိမ်ကနေပဲ ငါ့ကိုစောင့်လေ။  "

လွီနင်က လမ်းလျှောက်ရင်း ညည်းညူလိုက်သည်။
" နည်းနည်းလောက် လမ်းလျှောက်တာနဲ့ ကားပေါ်ရောက်မှာပဲဟာကို "

" ဒီနေ့ ကျွန်တော် ကွန်ပျူတာနဲ့ ကျန်တာတွေရွေ့လာပြီ။ "

ဝေ့ဒါက ပြတင်းပေါက်အပြင်က နှင်းတွေဆိုနေသော သစ်ပင်ကိုကြည့်ရင်း ရုတ်တရက် ဘူတာရုံဒုတိယထပ်က ဘိလိယက်အခန်းကို ပြန်သတိရသွားသည်။ ထိုအချိန်တုန်းကလည်း နှင်းတွေကျနေပြီး လွီနင်က သူ့ကိုအိမ်ပြန်ခေါ်ဖို့ နေ့တိုင်း အောက်ထပ်က လာစောင့်နေတတ်သည်။ သူကတော့ ထိုလူသားကို ပြတင်းပေါက်နေသာ အမြဲချောင်းကြည့်ရလေသည်။  

အလုပ်ဆင်းချိန်ဖြစ်တာကြောင့် ဘတ်စ်ကားထဲမှာ လူတွေဝင်လာတာ ပိုပိုများလာသည်။ သူတို့နှစ်ယောက်လည်း ကားထဲမှာ ကျပ်ညှပ်နေကြီး တစ်ယောက်နှင့်တစ်ယောက် တွယ်ကပ်နေကာ နည်းနည်းလေးတောင် လှုပ်ရှား၍မရဖြစ်နေသည်။

" ကွန်ပျူတာကိုလည်း နေရာချပြီးပြီ။ အိမ်ပိုင်ရှင်က ကြိုးမဲ့အင်တာနက်တပ်လို့ရတယ်လို့လည်း ပြောတယ်။ ကျွန်တော် မနက်ဖြန်သူ့ကိုခေါ်ပြီး အင်တာနက်တပ်လိုက်တော့မယ်နော်။  "

" သဘောလေ "

ကားက စထွက်သွားတော့ ကားတစ်စီးလုံးက ယိမ်းထိုးသွား၏။ ဝေ့ဒါက အနောက်ကိုမှီရင်း လွီနင့်ကို သူ့ကိုယ်နှင့် ထိန်းပေးသည်။ တစ်ယောက်တစ်လေမှ သူတို့ကို အရေးစိုက်မနေတာကိုမြင်တော့ ဝေ့ဒါက လွီနင့်လက်ကို မသိမသာလေး ဆွဲကိုင်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။ 

" ကိုကို... ကျွန်တော် ကိုကို့ကို တကယ်ကြီး သဘောကျနေမိပြီ။  "

" အင်တာနက်တပ်ခွင့်ပေးလိုက်တော့ အတော်ပျော်သွားတယ်ပေါ့လေ။  "

ဝေ့ဒါက ဘာတစ်ခွန်းမှ ပြန်မပြောလာပဲ မျက်လုံးကိုစောင်းကာသာ သူ့ကိုငုံ့ကြည့်နေတာကြောင့် လွီနင် မျက်နှာပူလာ၏။

"..... "

နောက်ပိုင်းမှာတော့ ဘာတွေဖြစ်ပျက်သွားလည်းဆိုတာ သူမသိတော့။ သူ့ကို ဆွဲကိုင်ထားသည့် လက်ဖဝါးဟာ ပူနွေးကာ ချွေးဆိုလာသည်။ လွီနင်လည်း တုန်လှုပ်သွားပြီး သူ့လက်ကို ပြန်ဆွဲထုတ်လိုက်၏။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now