Epi - 10

1.1K 38 30
                                    

Unicode


ဘူတင်းလေးက သူလုံးဝကို မထင်ထားခဲ့သော လုပ်ရက်ကြီးကို လုပ်ချလိုက်သည်။
အိမ်ပေါ်ကဆင်းလာသည်တဲ့။ သူ့အတွက်နဲ့ ဘူတင်းလေးရဲ့ မိဘတွေကို ချန်ထားရက်ခဲ့သည့် ကောင်လေးကို အခုချိန်ကစ ဘယ်နည်းနဲ့မှ လက်လွှတ်မခံနိုင်တော့ပါ။

အခုဆို ဘူတင်းလေးက ကျွန်တော့်ရဲ့အိမ်ကို ရောက်နေချေပြီ။ အမေကလည်း သူ့သားအရင်းလေးလို ချစ်ပေးသည်။

အခုကစ ကျွန်တော် အရင်ကထက် ပိုကြိုးစားရတော့မည်ဆိုတာကို သိပါသည်။ အမေရယ်
ကျွန်တော့်ရဲ့မြတ်နိုးရသော ရည်မှန်းချက်ကြီးသည့် ကောင်လေးရယ်အတွက်။ ပိုကြိုးစားရမည်။

ရပ်ကွက်ထဲမှာ အခုဆို ကျွန်တော်တို့နှစ်ယောက်အကြောင်းကို မသိသူမရှိပေ။ ကလေးကအစ
ခွေးကအဆုံး။

အရင်လို လူကြားထဲမှာ ဘေးချင်းယှဥ်ပြီး လျှောက်စရာမလိုတော့။ လက်ချင်းတွဲပြီး လျှောက်နေလည်း ဘယ်သူမှ ဘာမှ မပြောကြတော့။

အရင်က ဘူတင်းလေးနှင့် လက်ချင်းတွဲ လျှောက်မိသည်ကို ရပ်ကွက်ထဲက စသုံးလုံးတို့ မြင်တော့ ကျွန်တော်မကြားအောင် ​အတင်းပြောကြသည်။ ဘာတဲ့ ကျွန်တော်က အခြောက်တဲ့...။

ဟက်..... ကျွန်တော် အခြောက်မဟုတ်ပါဘူး။
ဒီအတိုင်း ဒီအတိုင်းပါပဲ ကျွန်တော်မြတ်နိုးရတဲ့သူဟာ သံသရာဆိုတဲ့ ဘူတင်းလေး ဖြစ်နေရုံပါ။

နေ့ရက်တွေကို ကျွန်တော်တို့ မိသားစု သုံးယောက် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။
ဟုတ်ပါသည်။ မိသားစုတဲ့။ သိပ်ကို လှပတဲ့ စကားစုလေး ။ 

ကျောင်းကပြန်လာသော ဘူတင်းလေးသည် အလုပ်ကစောပြန်လာသော ကျွန်တော့်အား ဂျီကျနေသည်။ ကျွန်တော် ဆယ်တန်းတုန်းက လပတ်စာမေးပွဲမှာ အဆင့်တစ်ရခဲ့လို့ အမေက လိုချင်တာတောင်းဆိုလို့ စျေးသိပ်မကြီးသည့် ဂစ်တာလေးတစ်လုံးကို ဝယ်ခိုင်းခဲ့သည်။ ဘုရားစင်အောက်မှာ သေချာနေရာယူထားသော ဂစ်တာလေးကို လက်ညှိုးတစ်ထိုးထိုးနှင့် သီချင်းပဲ ဆိုပြခိုင်းနေသည်။ အမေကလည်း ဘေးက လှော်ပေးနေသည်။

 တခဏ မဟုတ်သော ထာဝရ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱)Where stories live. Discover now