Epi - 8

387 32 4
                                    

Unicode

ထိုနေ့ကစလို့ ကျွန်တော် တဒင်္ဂနှင့် အသံတို့နှစ်ယောက် ချစ်သူစဖြစ်ခဲ့သည်။
မနက်ဆို ဘူတင်းလေးကို ကြိုစောင့်နေပြီး ကားဂိတ်ကနေ သူ့ရဲ့ကျောင်းရှေ့အထိ အတူသွားကြသည်။ ညနေဆိုရင်လည်း အလုပ်ကြိုဆင်းပြီး ဘူတင်းလေးရဲ့ ကျောင်းရှေ့မှာ သွားစောင့်နေသည်။ ကျောင်းဆင်းချိန်ရောက်လို့ ထွက်လာရင် အမြဲ အ​ပြေးလေး သူရှိရာဆီ လာသော ချစ်ရသည့် ဘူတင်း။

တစ်ခါကပေါ့ ကျွန်တော်လည်း ခါတိုင်းလို ဘူတင်းလေးရဲ့ ကျောင်းရှေ့မှာ ဘူတင်းလေး အလာကိုစောင့်နေစဥ် မျက်လုံးထဲ ဝင်လာသည့် မြင်ကွင်းက ဘူတင်းလေးရဲ့ နောက်ကို လိုက်နေသော ကောင်လေးတစ်ယောက်။ ဘူတင်းလေးနောက်ကို အတင်းလိုက်နေခြင်းဖြစ်သည်။

ကျွန်တော်ကြည့်နေရင်း လက်တွေယားလာသလိုလို။ ဘိလပ်မြေတွေ သဲတွေ ကိုင်နေရတဲ့လက်မို့
ဝဲတွေကြောင့်လိုတော့ မထင်ကြနှင့်။ ဘူတင်းလေးနောက်က ကောင်ကို စော်ပလော်တီးချင်နေပြီမို့။

ရပ်ပြီးကြည့်နေသည်ကို ဘူတင်းလေးက ကျွန်တော့်ကို တွေ့တော့ ဝမ်းသာသွားသည်ထင် အနားကို အပြေးလေးလာသည်။ အနားရောက်တော့ ချက်ချင်း ကျွန်တော့်အနောက်ကို ဝင်နေလေသည်။ ဒါတောင် ဟိုသတောင်းစားက လိုက်လာသေးသည်။ မရတော့ဘူး တဒင်္ဂဆိုတဲ့ ကျွန်တော်က စိတ်ဆိုး ၊ စိတ်တိုတာ ရှားတယ်။
အေး တိုပြီဆိုရင်လည်း သေပြီသာမှတ်။

အသက်ကို ဝ ဝ ရှုလိုက်ပြီး အရှေ့မှာ ရပ်နေသည့်
ကောင်ကို ကြည့်လိုက်သည်။ သူကလည်း ပြန်ကြည့်နေသည် ။ ဘာလားပေါ့။

" သံသရာ ကိုယ့်ကို စဥ်းစားပေးပါလားဟင် သံသရာ့မှာ ရည်းစားမရှိဘူးလို့ ကိုယ် သိထားတာ
ကိုယ့်ကို စဥ်းစားပေးပါနော် "

ထင်သည့်အတိုင်း ရည်းစားစကားလိုက်ပြောနေခြင်းပင်။

" ဒီမှာ ငါ့ညီ ဒါကျောင်းထဲမှာလေ နဲနဲပါးပါး
သံသရာ့ကို အားနာလေ လူတွေကြည့်နေတယ်လေ ငါ့ညီရယ် "

ကျွန်တော် စိတ်ကိုအတတ်နိုင်ဆုံးလျော့ကာပြောလိုက်သော်လည်း သူပြန်ပြောလိုက်စကားသည် ကျွန်တော့်ရဲ့ စိတ်တွေကို ဟိုးအမြင့်ဆုံးထိ ရောက်သွားစေသည်။

 တခဏ မဟုတ်သော ထာဝရ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱)Where stories live. Discover now