Epi - 6

390 35 7
                                    

Unicode

အဲ့နေ့ကစလို့ ကျွန်တော်တို့ နှစ်ယောက် ပိုပြီး ရင်းနှီးခဲ့ကြသည်။ နေ့တိုင်းလိုလို ကျောင်းရှေ့မှာ လာစောင့်နေသည့် သူ။ မလာမချင်း စောင့်နေသည်က ကျွန်တော်။

တစ်နေ့ထက် တစ်နေ့ ပိုရင်းနှီးခင်တွယ်လာတာနှင့်အမျှ နှလုံးသားတွေရဲ့ အနက်ရှိုင်းဆုံးထိလည်း
ရောက်မှန်းမသိ ရောက်နေခဲ့ပြီ။ ဒါကို နှလုံးသားအသီးသီး၏ ပိုင်ရှင်တွေလည်း သိနေကြပြီ။
သို့သော် မည်သူမျှ ဝင်မခံကြပေ။

တဒင်္ဂ
မမှီသည့် ပန်းကို လက်လှမ်းမိနေသလို ဖြစ်နေပြီလား...
ကောင်းကင်ပေါ်က ထွန်းလင်းတောက်ပနေသည့် ကြယ်ကလေးကို ခူးစွတ်ဖို့ ကြံရွယ်နေမိသည်လား...
အညွှန့်တလူလူ တက်နေသည့် အနာဂတ်ကလေးထွန်းလင်းနေသော ကောင်လေးကို အညွှန့်ကို ချိူးမိသူ ၊ အနာဂတ်ကို အမှောင်ဖုံးသူ ဖြစ်နေပြီလား...

တဒင်္ဂ အိပ်၍မပျော်ပါ။ ဘယ်လိုပင် ကြိုးစားကာ မျက်လုံးကို အတင်းမှိတ်ထားပါသော်လည်း ဘူတင်းလေး၏ မျက်နှာလေးနှင့် အပြုံးလေးကိုသာ
မြင်နေမိသည်။ မျက်လုံးမကောင်းတော့တာလား။ မျက်စိဆေးခန်းပဲ သွားပြရတော့ဖို့လား မသိ။

" အိပ်မပျော်သည့်အတူတူ အိမ်ရှေ့မှ အဆင်းအတတ်လုပ်သည့် ဖိနပ်ချွတ်မှာ ထိုင်လိုက်ပြီး
ကောင်းကင်ကို မော့ကာကြည့်လိုက်သည်။

ဒီနေ့က လပြည့်နေ့။ လမင်းကြီးကလည်း ဝိုင်းစက်နေကာ ဝန်းကျင်တစ်ခုလုံးသည်လည်း
ထိန်ထိန်လင်းနေသည်။ မှိတ်တုတ် မှိတ်တုတ်နှင့် ကြယ်ကလေးများကလည်း ကောင်းကင်တစ်ခွင်
သူတို့လေးတွေ တတ်နိုင်သည့်အလင်းရောင်အားလေးနှင့် အမှီသဟဲပြုကြသည်။

လှလိုက်ပါဘိ။ ကောင်းကင်ကို ကြည့်နေရင်း ရုတ်တရက် လမင်းကြီးနှင့် ကြယ်လေးတွေ ပျောက်သွားသည်။ ထို့နောက် ခွင့်မပြုပါပဲ အိပ်မက်ထဲ ရောက်လာပြီး နှောက်ယှက်နေသော ဘူတင်းကောင်က ပေါ်လာလေသည်။

မြင်နေရသည့် အဖြစ်အပျက်သည် မနေ့ကဖြစ်သည်။ bus ကားဂိတ်တွင် စီးရမည့် ကားကို ရပ်စောင့်နေခြင်း။ ကျွန်တော်က သူ့ထက် အရပ်ပိုရှည်သဖြင့် နေပူနေသည်ကို ထီးမိုးပေးရန် ထီးဖွင့်မည်ကို တားပြီး ထီးကို သူယူကာ ဖွင့်ပြီး နှစ်ယောက်သားကို စောင်းစေသည်။ သူ့အရပ်လေးက ကျွန်တော့်ပုခုံးသာသာ။ ပြောလိုက်သေးသည်
ရှည်လိုက်တဲ့အရပ် မိုးထိုးနေတာပဲ တဲ့လေ။ သူ့ဟာသူ ရှည်တာ ကျွန်တော်လည်း ဘာမှ မလုပ်ရ။

 တခဏ မဟုတ်သော ထာဝရ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱)Where stories live. Discover now