Epi - 4

450 29 7
                                    

Unicode

မနက်ကလက်ထဲ မေ့ပြီးပါလာတဲ့ ထီးကလေးလည်း ပြန်ပေးရင်း လူလေးကိုလည်း တွေ့ချင်သဖြင့် အလုပ်ထဲမှ စောစောပြန်ကာ စီးရမည့် ကားဂိတ်ကိုပင် မစီးပဲ မတွေ့လိုက်ရမှာစိုးသဖြင့်
ခြေထောက်နှင့် အပြေးလာလိုက်သည်။ သို့သော်
နောက်ကျသွားချေပြီ။

ကားဟာ ထွက်သွားလေပြီ...။

တစ်စွန်းတစ်စ မြင်လိုက်ရသော မှန်ပြတင်းပေါက်ဘက်မှ ထိုင်ပြီးပါသွားသော ကောင်လေး။ အလာကောင်းပေမဲ့ အခါနှောင်းသွားခဲ့ပြီ ဆိုသည့် စကားပုံသည် အခုမှ ကိုယ်တွေ့ကြုံလိုက်ရပြီ။ သက်ပြင်းကို ချလိုက်ရင်း လက်ထဲမှ ထီးလေးကို ကြည့်လိုက်သည်။

မင်းကို ပိုင်ရှင်ဆီ ပြန်ပို့ပေးမယ် စိတ်ချ ထီးကလေး....။

အိမ်ပြန်ဖို့ စီးရမည့် ကားကို စောင့်နေလိုက်သည်။
သိပ်ကြာကြာ မစောင့်လိုက်ရ စီးရမည့်ကား ရောက်လာလေပြီ။ အင်း....... မနက်ကလိုတော့ လူတွေ ရှုပ်မနေတော့။ တော်ပါသေးသည် အေးအေးဆေးဆေး ပြတင်းပေါက်ဘက်မှာ ထိုင်ရင်း ကားထဲမှဖွင့်ထားသော မအေးသည့် air-conလေကို ခံစားကာ အိမ်ပြန်လာခဲ့သည်။

ရပ်ကွက်လေးထဲရောက်တော့ ထုံးစံအတိုင်း ဦးဖြီးဆိုင်ကတော့ လူပြည့်နေသည်။ ကိုယ့်ကိုမြင်တော့ ပြုံးပြကြသော ဦးဖြီးနှင့် စားပွဲထိုးလုပ်ကြသော ညီငယ်လေး၃ဦး။ ပြန်ပြုံးပြရင်း အိမ်ထဲ ဝင်လာလိုက်တော့ ကျောက်စည်ပိုင်းကလေးဟာ ရေပြည့်နေသည်။ အမေရယ် ရေဝယ်ထည့်ထားသည်ဖြစ်မှာ။

အိမ်ပေါ်အသာတတ်ရင်း လွယ်အိတ်လေးကို ဘုရားစင်အောက်က အမေ့ရဲ့ စိပ်ပုတီးထားရာ သံချိတ်ကလေးဘေးက နောက်ထပ် သံချိတ်တစ်ခုမှာ ချိတ်လိုက်သည်။ တိတ်ဆိတ်နေသော အိမ်၏အခြေအနေအရ အမေ အိမ်နောက်ဖက်က
စိုက်ခင်းထဲ ရောက်နေမှာ အသေအချာ။ အသာပြုံးရင်း အိမ်နောက်ဖက်ကို သွားဖို့ အိမ်ပေါ်ကပြန်ဆင်းလိုက်ပြီး အိမ်ခြေရင်းဘက်မှ သွားလိုက်သည်။

ဟော...... တွေ့ပါပြီ။ ကျွန်တော့်ရဲ့ မဝတ်တော့သည့် ပုဆိုးအစုတ်ကို ခေါင်းမှာပေါင်းကာ ချဉ်ပေါင်ရွက်တွေကြားမှ မြက်ပင်တွေကို နှုတ်နေလေသည်။ နောက်ခိုင်းနေသည်မို့ ကျွန်တော့်အားမမြင်။ မရတော့ အမေ့အား စနောက်ချင်လာသည်။

 တခဏ မဟုတ်သော ထာဝရ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱)Where stories live. Discover now