Epi - 1

3.3K 81 16
                                    

Unicode

ရန်ကုန်လို့အများသိကြတဲ့ ခမ်းနားလှပသော မြို့ကြီးမှာလည်း တောလို့ပင် ခေါ်တွင်၍ရသော နေရာလေးတွေ များစွာ ရှိနေပါသေးသည်။

ထိုနေရာတွေထဲကမှ တစ်ခု.....။

မနက်ခင်း နေအလင်းရောင်ပင် မထွက်သေးသောအချိန်...။ ပိုက်ဆံရှိသော သူများ ၊ အလယ်အလတ်တန်းစား မိသားစုများ ၊ တစ်ကိုယ်တည်းသမားများ အတွက်တော့ ဒီအချိန်သည် အလွန်ပင် အိပ်ကောင်းနေသော ‌လောကစည်းစိမ်ကို အပြည့်အဝ ခံစား ၊ စံစားနေကြရသော ၊ အပူအပင်မရှိ စိတ်အေးချမ်းသာစွာ ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူနေကြသော အချိန်ပင်... ။

အချိန်ကား..... နံနက် ၄ နာရီ ။

အိပ်ကောင်းနေသော အချိန်ဖြစ်လင့်ကစား ‌
မကျဉ်းမကျယ် အနေတော်ခြံကလေးအတွင်းရှိ ဝါးထရံကာ သွပ်မိုး အိမ်ကလေးအတွင်းရှိ အသက်လတ်အရွယ် အမျိူးသားတစ်ဦးမှာတော့
အိမ်ခေါင်းရင်း မလှမ်းမကမ်းမှ ' ဦးဖြီး ' လက်ဖက်ရည်မှ ဆူညံသော သီချင်းဖွင့်သံနှင့် အလုပ်သမားတွေ၏ စကားပြောသံတွေကို ကြားနေရတာက တစ်ကြောင်း ၊ မိသားစု စားဝတ်နေရဟူသည့် အိမ်ထောင့်တာဝန်ကို ပုခုံးပေါ်ထမ်းထားရသည်က တစ်ကြောင်း။

အကြောင်းကြောင်းကြောင့် မထချင်သော်လည်း
' ငါ့မှာ တာဝန်တွေရှိတယ် ' ဟု ကိုယ့်ကိုကိုယ့် အားတင်းကာ ဖျာစုတ်ကလေးခင်းပြီး ပခုက္ကူစောင် အပြဲလေးခြုံကာ အိမ်ရှေ့ခန်းထောင့်ကလေးမှာ အိပ်နေရာက ထထိုင်လိုက်တော့သည်။

နေ့တိုင်း အခုလို ထနေရဖြစ်သော်လည်း တစ်ခါတစ်လေတော့ စိတ်အေးချမ်းသာစွာ အိပ်ချင်ပါသည်။ အင်း....... မသေခင်တော့ အဲ့လို အိပ်ရမှာပါ။

တစ်နေ့တာကို စတင်ဖို့ရန် တဒင်္ဂ တစ်ယောက် အသက်ကို ဝဝရှူလိုက်ပြီး စောင်ကလေးကို သေချာခေါက်ကာ ထလိုက်ပြီး အပ်ချည်နဲ့ဖြစ်သလို တွယ်ချူပ်ထားတဲ့ ပုဆိုးအနွမ်းလေးကို ပြင်ဝတ်လိုက်သည်။

အိမ်ရှေ့က ကျောက်စည်ပိုင်းဆီသို့ မျက်နှာသစ် ကိုယ်လက်သန့်စင်ဖို့ရာ အိမ်ပေါ်ကဆင်းတော့မည်အပြု

 တခဏ မဟုတ်သော ထာဝရ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱)Onde histórias criam vida. Descubra agora