Epi - 9

385 39 2
                                    

Unicode

ပျော်ရွှင်စွာ ဖြတ်သန်းလာလိုက်တာ အခုဆို ဘူတင်းလေးက တတိယနှစ်မှ နောက်ဆုံးနှစ်ရောက်ခဲ့ပြီ။ ကျွန်တော်တို့ နှစ်ယောက်လည်း အရင်လိုပျော်ပျော်ရွှင်ရွှင်နဲ့ အပူအပင်ကင်းစွာ ဖြတ်သန်းလာနေတုန်းပါပဲ။

သို့သော်...... တစ်နေ့ နေ့တစ်နေ့ကို ရောက်လာခဲ့သည်။ ထိုနေ့က ဘူတင်းလေး၏ အိမ်မှာ မိဘတွေကို လိုက်တွေ့ရသည့်နေ့။

ဘူတင်းလေးက ပြောလာသည် သူ့အိ်မ်မှာ သူ့မိဘတွေကို လိုက်တွေ့ပါတဲ့။ ကြား ကြားချင်း
လန့်သွားလို့ သောက်နေတဲ့ ရေတောင် လည်ချောင်းဝကနေ ပြန်ထွက်လာပြီး သီးသွားသည်။

မယုံနိုင်စွာ ဘူတင်းကို ကြည့်တော့လည်း စနောက်နေသည် မဟုတ် ရုပ်ကလေးက ပကတိဖြူစင်စင်နေသည်။ သဘောက သူတကယ်ပြောနေတာ ဆိုသည့်သဘော။

ခါတိုင်းက ဘူတင်းကို အိမ်ရှေ့လိုက်ပို့ သစ်ပင်ကြီးကို ကွယ်ပြီး ဘူတင်းရဲ့နဖူးလေးကို နမ်း နှုတ်ဆက်ပြီး ပြန်။ အခုတော့ အိမ်ထဲ ဘူတင်းနှင့်အတူ လိုက်ဝင်ရမည်ဆိုတော့ သေးပဲ ပေါက်ချင်သလိုလို အီးပဲ ပါချင်သလိုလို။ နေရင်းထိုင်ရင်း
ကြက်သီးတွေလည်း ထနေသည်။ လန့်နေ၍ ခက်ဖျားတွေလည်း အေးစက်လို့။ ခြေဖျားတွေ အေး မအေးတော့ တဒင်္ဂ မသိပါ။

ဘူတင်း၏ နောက်က ခပ်ကုတ်ကုတ်ကလေး အိမ်ထဲ လိုက်ဝင်သွားတော့ ခုံပေါ်တွင် ထိုင်နေကြသော ဘူတင်း၏ အဖေနှင့် အမေ။  ကျွန်တော်တို့နှစ်ယောက်ကို မြင်တော့ မတ်တပ်ရပ်လိုက်ကြသည်။ ဘူတင်းလေး၏ အမေက ကျွန်တော့်အား ပြုံးပြသဖြင့် ပြန်ပြုံးပြလိုက်ရင်း ဘူတင်းအဖေကို ကြည့်လိုက်တော့ လန့်ပင် လန့်သွားသည်။

ရုပ်တည်ကြီးနှင့် ကြည့်နေလိုက်တာ ကျွန်တော့်ကို။ ပြန်ပဲ ပြုံးပြရမလား သူ့လိုပဲ ရုပ်တည်နဲ့ ပြန်ကြည့်ရမလား ဝေခွဲရခက်နေစဥ် ဘူတင်းအမေ၏ စကားသံက ထွက်ပေါ်လာသည်။

" လာ လာ ထိုင်ကြ ဘာစားခဲ့ကြလဲ အချိူရည် ဖျော်ပေးမယ်နော် "

အဒေါ်က ပြောပြီး အိမ်နောက်ဖက်ကို ဝင်သွားသည်။ ဦးလေးကတော့ ဘာမှ မပြောလာသေး။
အချိူရည်ဗန်းကိုင်ကာ ပြန်ထွက်လာသော အဒေါ်သည် ကျွန်တော့်အရှေ့ကို အချိူရည်ခွက်လေး ချပေးသည်။

 တခဏ မဟုတ်သော ထာဝရ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱)Where stories live. Discover now