Epi - 5

440 28 6
                                    

Unicode

ထီးကိုင်ပြီး ရပ်နေသော ကောင်လေးတစ်ယောက်နှင့် မျက်လုံးလေးပြူးကာ ကြောင်ကြည့်နေသောကောင်လေးတစ်ယောက်။

ကားတွေဘေးနားက ဖြတ်သန်းသွားတာတွေကိုလည်း သတိမထားမိဘူး။ ဆူညံနေတဲ့ ပတ်ဝန်းကျင်က အသံတွေကိုလည်း ဂရုမစိုက်မိဘူး။ ရွာကျနေသော မိုးရေစက်ကလေးတွေကိုလည်း လျစ်လှျူရှု့ထားမိသည်။
အရမ်းကို သက်ဝင်လှပသော ပန်းချီကားတစ်ချပ်။

တဒင်္ဂ မိမိကို ပြူးပြီးကြောင်ကြည့်နေသော ကောင်လေးကို ပြုံးပြရင်း စကားစလိုက်သည်။ မဟုတ်လျှင် အချိန်တွေကို ဒီအတိုင်း ကုန်ဆုံးရမည်မို့။
အဲ့လို အဖြစ်မခံနိုင်။ တဒင်္ဂဆိုတဲ့ကောင်က စာသာ မတော်တာ ၊ အခြားသော ပေါက်တတ်ကရတွေတော့ အကုန်ထူးချွန်သည်။

" ဟို ကားဂိတ်ကို သွားရအောင် တော်ကြာ ကားလွတ်သွားပြီး အိမ်ပြန်နောက်ကျမှာစိုးလို့ "

သူပြောလိုက်ကာမှ သတိပြန်ဝင်လာတဲ့ သူလို...။

" အာ ဟုတ် ဟုတ်ကဲ့ သွားမယ်လေ "

ထီးတစ်ချောင်းထဲ အတူတူ မိုးခိုရတဲ့ ခံစားချက်က ကောင်လေးနှစ်ယောက်ကို အသက်ရှုတွေ ပုံမှန်မဟုတ်အောင် ဖန်တီးနိုင်သည်။ အရှေ့က ကတ္တရာလမ်းမကိုသာ ကြည့်ပြီး လျှောက်နေကြတာ ကားဂိတ်ကို ဘယ်လိုရောက်လာသည်မသိ။

ကားဂိတ်တွင် လူရှင်းနေသည်။ ဘယ်သူမှ မရှိ
သူတို့နှစ်ယောက်သာ။ မိုးကလည်း တဖြည်းဖြည်းစဲသွားပြီး မိုးဖွဲလေးတွေသာ ကျနေတော့သည်။

တစ်ယောက်နှင့် တစ်ယောက် ဘာစကားမှ မ​ပြောကြပဲ ကျောက်ရုပ်တွေလို ရပ်နေကြသည်။ မဖြစ် အတူရှိချိန်လေးကို ဒီလိုအကုန်ဆုံးမခံချင်။
တဒင်္ဂ အရဲစွန့်ကာ ပြောလိုက်သည်။

" မုန့်စားချင်လား "

ဟိုက်....... ဘယ်လိုတောင် မေးချလိုက်တာလဲ။
သွားပြီ   ပြီးဆုံးခန်းရောက်သွားပြီ။

ဘယ့်နှယ့် မေးလိုက်တာကလည်း ' မုန့်စားချင်လား' ဆိုပဲ။ လူကိုများ အစားသရဲ မှတ်နေသလားမသိ။ တည့်တည့်ကြည့်ပြီး ဖြေပေးလိုက်သည်။

 တခဏ မဟုတ်သော ထာဝရ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱)Where stories live. Discover now