Epi - 7

376 43 4
                                    

Unicode

တဒင်္ဂ ဘူတင်းလေးကိုစောင့်နေမိသည်။ ကျွန်တော်နှင့် အတူ ညီငယ်လေးပါ စောင့်နေပေးသည်။

အချိန်တွေ တဖြည်းဖြည်းကုန်လာသည်။
စောင့်ရတာလည်း ညောင်းလာပြီမို့ ထိုင်ချလိုက်သည်။ ဘေးက ညီလေးကလည်း သူ့နည်းတူ ထိုင်ချလေသည်။

တအောင့်လောက်ကြာတော့ ဘူတင်းလေးစီးသွားသည့် ကားကြီးပြန်ရောက်လာသည်။ ကားထဲကနေ အရပ်ရှည်ရှည် ဥပဓိရုပ်သန့်သန့်နှင့် လူတစ်ယောက် အရင်ဆင်းလာပြီး ဘူတင်းလေးဘက်က ကားတံခါးကို ဖွင့်ပေးလေသည်။

ဘူတင်းလေး ကားပေါ်ကဆင်းလာပြီး အိမ်ထဲကို
နှစ်ယောက်သား ဝင်သွားသည့်တိုင် ကျွန်တော်နှင့်
ညီငယ်လေးကို မမြင်ပေ။

" ဟာ သားတို့နှစ်ယောက်ကို ကိုကြီးသံသရာ မမြင်ဘူးလား မသိဘူး အိမ်ထဲဝင်သွားပြီ ကိုကြီး ဘယ်လိုလုပ်မလဲ "

ကျွန်တော့်အား မေးတော့ ဒီနေ့ အသံကို မတွေ့ရမချင်း မပြန်ဘူးဟု ချထားသည့် ဆုံးဖြတ်ချက်ကလေးဟာ ယိုင်နဲ့လုလု ဖြစ်သွားသည်။

သက်ပြင်းအသာချလိုက်ရင်း

" တွေ့ချင်သေးတယ် ညီလေးရဲ့ "

" ရတယ် ကိုကြီး သားဖန်တီးပေးမယ် မပူနဲ့
အဟင်း..."

အမယ်..... ဒင်းက လူကြီးလိုလို ဘာလိုလိုနဲ့။
ဘာပဲဖြစ်ဖြစ် ညီလေးအကူညီယူမှ ရတော့မည်မို့
ခေါင်းညိတ်ပြလိုက်သည်။

" ဟာ ဟိုမှာ ဟိုကားပိုင်တဲ့ အကိုကြီး ပြန်ထွက်သွားပြီ ကိုကြီး "

အော် ကားပိုင်တဲ့ကိုကြီးတဲ့...။ ကျွန်တော်ကတော့
ကားမပြောနှင့် စက်ဘီးလေးတောင် မပိုင်ဆိုင်။
ကားကြီး အိမ်ရှေ့က ပြန်ထွက်သွားပြီမို့ ဘေးကညီလေးက ဟိုရှာ ဒီရှာ လုပ်နေသည်။ ဘာတွေ ရှာနေပါလိမ့်။

" ညီလေး ဘာရှာနေတာလဲ "

မေးလိုက်တော့

" အုတ်ခဲရှာနေတာ ကိုကြီး "

နားမလည်သေးသဖြင့်

" ဘာလုပ်ဖို့လဲ ညီလေး "

ထိုအခါ ညီလေးက ကျွန်တော့်ကို မျက်မှောင်လေးကြုတ်ကြည့်ကာ

 တခဏ မဟုတ်သော ထာဝရ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱)Where stories live. Discover now