" ကိုကို ... ထပ်ပြီး ပုန်းမနေပါနဲ့တော့ ..."

အင်္ကျီတွေကို​ငေး​ကြောင်ကြည့်ရင်း ဝေ့ဒါစိတ်ထဲ မျှော်လင့်ချက်တွေ ပျက်စီးသွားသလို ခံစားနေရသည်။ သူ့အသံကို သူပြန်ကြားနေရပေမယ့် ဘယ်သူ့ကိုရည်ရွယ်ပြီး ပြောနေမိလည်းဆိုတာ သူမသိတော့။

" ထွက်မသွားပါနဲ့... ပြန်လာခဲ့ပေးပါ ..."

ကိုကို ဒီမှာမရှိဘူးဆို...
သူ ထွက်သွားတာလား...

သူ့အနားကနေ ကိုကိုထွက်သွားတာကလွဲပြီး ဝေ့ဒါကို ဘယ်အရာကမှ မနှိပ်စက်နိုင်ဘူး။

နောက်ကျသွားခဲ့ပြီလား...
သူ့အသွေးအသားတွေကို တစ်စစီသာ ဆုတ်ဖြဲပစ်လိုက်ပါတော့လား...

ကိုကိုမရှိလို့ နာကျင်နေရတဲ့ ခံစားချက်က သူ့ရှင်သန်​​ခြင်းကို တမြေ့မြေ့ဝါးမျိုနေချေပြီ...

သူ့အလိမ်အညာတွေက အနှေးနှင့်အမြန် ပေါ်လာမယ်ဆိုတာသိသလို ဒါကိုရင်ဆိုင်ဖို့အတွက်လည်း သူကိုယ်တိုင်ပြင်ဆင်ထားပြီးသား....

နောက်ဆုံးခြေလှမ်းကိုတောင် သူလှမ်းထားပြီးနေပြီလေ...

" ကိုကို ... ကျွန်တော်ကို ဒီလိုပုံစံနဲ့ မနှိပ်စက်ပါနဲ့ တော့ ..."

ဝေ့ဒါ၏ အသံက အက်ကွဲလာသလို ကုတ်အင်္ကျီကို ဆုပ်ကိုင်ထားသော သူ့လက်ချောင်းတွေဟာလည်း တဆတ်ဆတ်တုန်ယင်နေလေသည်။

အရိုက်အနှက်ခံ အဆူအဆဲခံရပြီး အပယ်ခံတစ်ယောက်ဖြစ်နေလျှင်တောင်မှ ကိုကိုသာ သူ့ဘေးမှာရှိနေပေးသရွေ့ အရာရာကို ရင်ဆိုင်နိုင်သည်။

ဒါပေမယ့် ကိုကိုကတော့ အရက်စက်ဆုံးနည်းလမ်းနှင့် ပျောက်ကွယ်သွားခဲ့ပြီ။

ဝေ့ဒါ တစ်ညလုံး အင်္ကျီတစ်ထည်ကိုသာ တင်းတင်းကျပ်ကျပ် ​​ပွေ့ဖက်ထားမိသည်။

တစ်ချိန်က သူ့ကိုယ်သူ အကြောက်တရားမရှိသူတစ်ယောက်လို့ မှတ်ထင်ခဲ့ဖူးသည်။ သို့သော် လွီနင် ထွက်သွားခဲ့ချိန်က ဒီအချက်ကိုမေ့လျော့ပြီး သူဆက်ပြီး ​ကြောက်ရွံ့လာခဲ့သည်။

ဒါပေမယ့် သူပြန်လာခဲ့တယ်လေ...

သူက တစ်ချိန်လုံး အမှောင်ထဲမှာ နေထိုင်ခဲ့တဲ့လူတစ်ယောက်...
ကိုကိုက အဖြူရောင်အလင်းတန်းလေးသာ...
ဒီလိုဖြူစင်နွေးထွေးတဲ့ လူတွေက သူ့အတွက်တော့ လွယ်လွယ်လေး ချဥ်းကပ်နိုင်ခဲ့တယ်...

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now