ဒီအချိန်ဆို တာဝန်ကျ ဆရာဝန်တွေ အများကြီးမရှိပေ။ လွီနင် တံခါးအပြင်ဘက်ကနေပြီး အခန်းထဲကို ချောင်းကြည့်လိုက်သည်။ ချက်ချင်းပဲ မျက်စိလျှင်တဲ့လူတစ်ယောက်က သူ့ကို မြင်သွားလေ၏။

" လွီနင် ! "
စီနီယာအကိုက မယုံကြည်စရာတစ်ခုကို မြင်လိုက်ရသလို ပြေးထွက်လာ၏။ 

" မင်းဘယ်တွေသွားနေတာလဲ။ ငါတို့ မင်းကို ဘယ်လိုရှာနေရလဲ သိရဲ့လား။ လျိုကျင်းက မင်းအိမ်ကို နေ့တိုင်းသွားကြည့်နေခဲ့တာ။ "

စီနီယာ၏ စကားနှင့် အကြည့်တွေကနေ နွေးထွေးမှုကို လွီနင်ခံစားမိသည်။

" ကျွန်တော် တစ်နေရာကို ခဏသွားနေတာ။ "

သူတောင်စကားမဆုံးခင် စီနီယာက သူ့အသံကို ပိုကျယ်ကာ အော်ပြောလိုက်၏။  

"လျိုကျင်း ! လျိုကျင်း ! ဒီမှာ လွီနင်ပြန်ရောက်နေပြီ ! "

လွီနင် နှလုံးသာက အကြိမ်အနည်းငယ် တုန်လှုပ်သွားသည်။

" အကို သူ့ကိုခေါ်မနေပါနဲ့တော့။ နောက်မှပဲ ကျန်တဲ့သူတွေရော တွေ့ဖို့ပြန်လာခဲ့ပါ့မယ်။ အခုတော့ သွားလိုက်ပါဦးမယ်။ "

" မင်းဘာလို့ ငါတို့ကို အဆက်အသွယ်ဖြတ်ထားတာလဲ ..."

စီနီယာက သူ့ကိုပြန်ကြည့်လာပြီး သူ့မျက်နှာပေါ်က အမူအရာတွေက ရုတ်ခြည်းပဲ ထူးဆန်းလာလေသည်။

" လွီနင်... မင်း အခုထိ လျိုကျင်းနဲ့မတွေ့ရသေးဘူးလား။"

" မဟုတ်ပါဘူး။ "

" ဒါဆိုရင် …"

ထိုအချိန်မှာပဲ လျိုကျင်းက အချိန်ကိုက်  လူနာတစ်ယောက်နှင့် စကားပြောရင်း ထွက်လာသည်။

" လွီနင် ပြန်လာပြီလား။ "

စီနီယာက လွီနင်ကို အမြန်ပဲ တားဆီးကာ သူကပဲ ပြန်ဖြေလိုက်သည်။
" အာ... ခုဏကမှ ရောက်တာ။ "

လွီနင် လျိုကျင်းကို ပြုံးပြ​ပြီး ယဥ်ကျေးစွာပဲ နှုတ်ဆက်လိုက်သည်။
" မတွေ့တာကြာပြီနော်။ "

လျိုကျင်း၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားသည်။

" အင်း...  မတွေ့တာ ... ကြာနေပြီ ..."

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now