အပိုင်း(၄၀)

Începe de la început
                                    

အချင်းချင်း အဖြေတွေတိုက်နေကြတဲ့ သူမ အတန်းဖော်တွေကို လျစ်လျူရှုလိုက်ပြီး ချောင်လန်က သူမ ကျောပိုးအိတ်ကို ကောက်ယူလိုက်ကာ အပြင်ကို ပြေးထွက်သွားခဲ့တယ်။ သူမက အနောက်တိုင်းစားသောက်ဆိုင်ကနေ ခွင့်တော့ယူလို့ရတယ်။ ဒါပေမဲ့ နောက်ကျလို့တော့မရဘူး။ တစ်ကယ်လို့ သူမ နောက်ကျမယ်ဆိုရင် ဒဏ်ကြေး ပေးရလိမ့်မယ်။

သူမ ကျောင်းအပေါက်ဝဆီပြေးသွားတော့ သူမဘေးကနေ ကားဟွန်းတီးသံကြားလိုက်ရတယ်။ ချောင်လန်က အလိုလို အနောက်ကို လှည့်ကြည့်လိုက်တယ်။

ဦးလေးချန်က ကားပြတင်းပေါက်ကို ဖြေးဖြေးချင်းချလိုက်ပြီး အပြုံးလေးနဲ့ ပြောလိုက်တယ်။ " သမီး စားသောက်ဆိုင်ကို သွားမှာမလား။ အတူတူ သွားရအောင်။ "

ချောင်လန်က ကားပြတင်းနောက်က အနောက်ခုံကို လှမ်းကြည့်လိုက်တော့ ထန်းမော့က အမှောင်ထဲမှာ ထိုင်နေတာကို တွေ့လိုက်တယ်။ သူမက အချိန်ကို တစ်ချက်ပြန်ကြည့်လိုက်ပြီး ကားတံခါးကို ဖွင့်လိုက်ကာ ကားထဲကို ဝင်လိုက်တယ်။

" ကျေးဇူးတင်ပါတယ် "

" ရပါတယ် " ဦးလေးချန်က ပြုံးလိုက်ပြီး ထန်းမော့ကို တစ်ချက်ကြည့်လိုက်တယ်။

အခုတလော ဦးလေးချန်က ပျော်နေတယ်။

ထန်းမော့ဘက်ကနေ အရင်စပြီး အထက်တန်းသင်ရိုး စာမေးပွဲကို ဖြေမယ်လို့ ပြောလာတယ်။ ဒါကို ကြားလိုက်ရတော့ ဦးလေးချန်က စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တောင် ကျမလို ဖြစ်သွားတယ်။ ပြီးတော့မှ သူ ချောင်လန့်ကို စစ်ဆေးကြည့်တော့ ကောင်မလေးက မိသားစုနောက်ခံကသာ ဆင်းရဲတာ အဆင့်ကျတော့ အံ့ဩစရာကောင်းလောက်အောင် ကောင်းနေတယ်ဆိုတာကို သိလိုက်ရတယ်။

သူမရဲ့ မှတ်တမ်းတွေကို ဖတ်ပြီးတော့ ဦးလေးချန်မှာ မှန်းဆချက်နည်းနည်းရှိနေတယ်။ ဒါပေမဲ့ သူ ထန်းမော့ကို သွားမမေးရဲဘူး။

ဒါပေမဲ့လဲ သူမရဲ့ အခြေအနေတွေက ဦးလေးချန်ရဲ့ ချောင်လန့်အပေါ် မျက်နှာသာပေးမှုကို မထိခိုက်စေပါဘူး။

ဦးလေးချန်ရဲ့ ကားထဲမှာ ထိုင်ရတာ ချောင်လန့်အတွက် ဒါက ဒုတိယအကြိမ်ပဲ။ ဒါပေမဲ့ အရင်တစ်ခေါက်တုန်းက ကားထဲမှာ ထန်းမော့ မရှိဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Unde poveștirile trăiesc. Descoperă acum