ရှီးနဉ်  နွားနို့ခွက်ကိုကြည့်ကာ “မေမေရယ် မေမေလည်း ကိုကို့ကို ‌ပေးလို့ရတာပဲဟာကို”

လင်မော့ရွှယ်ဟာ မချိသာပြုံးပြကာ “တကယ်လို့ အမေက သမီးအစ်ကိုကို  သွားပေးလိုက်ရင် သူကသောက်မှာမဟုတ်ဘူးလေ သမီးကပဲ သူ့ကို နွားနို့သွားပို့ပေးလိုက်ပါ ပြီးတော့ အမေပေးလိုက်တာလို့လဲ သူ့ကို သွားမပြောနဲ့နော် ဟုတ်ပြီလား?”

ရှီးနဉ်: “မရပါဘူး သမီးက မေမေ ဒီနွားနို့ ပေးလို့ရအောင်ပဲ ကူညီပေးနိုင်တာ”

ထိုသို့ပြောပြီးနောက် သူမက အမေဖြစ်သူကို ရှီးချန်ရဲ့အခန်းဆီကို ဆွဲခေါ်သွားသည်။

လင်မော့ရွှယ်ဟာ နွားနို့ခွက်နဲ့ကိတ်မုန့်ကြီးကိုင်ကာ ကူရာကယ်ရာမဲ့နေတဲ့မျက်နှာနဲ့ “အမေ မသွားချင်ဘူး သမီးရဲ့အစ်ကို အမေကို မြင်ချင်တာ မဟုတ်ဘူးရယ် သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေလိမ့်မယ်”

“တကယ်လို့ မေမေ့ဘက်က အခေါ်အပြောနည်းနေမယ်ဆိုရင် မေမေကောင်းတယ်ဆိုတာ ကိုကိုက ဘယ်လိုလုပ်သိမှာလဲ  အမေ့ရဲ့ကြိုးစားအားထုတ်မှုကို သူသိသွားမယ်ဆိုရင် သူက မေမေနဲ့  ပြေလည်ချင်ရင် ပြေလည်လာမှာပါ  ”  ရှီးနဉ် က သူမရဲ့နောက်ကျောကို ကိုင်ကာ  ထွက်မပြေးသွားအောင် ထိန်းထားလေသည်။

“မေမေလည်း မြင်တဲ့အတိုင်း သမီးမှာလည်း အရင်တုန်းက ကိုကိုနဲ့ ဆိုးဝါးတဲ့ဆက်ဆံရေးကြီးရှိတာပဲဟာကို အခုတော့ ပိုပြီးကောင်းလာတယ်လေ မေမေထင်သလောက် ကိုကိုက ပေါင်းသင်းရတာခက်ခဲတာမျိုးကြီးမဟုတ်ပါဘူး”

“ဒါကလည်း ကွာတယ်လေ သမီးနဲ့သမီးအစ်ကိုက သွေးသားတော်စပ်မှုအရ မောင်နှမတွေလေ သူက သမီးကို နှလုံးသားထဲကနေ အတော်လေးကို ချစ်တာ အမေကကျတော့.... အာ အဲ့ဒီကလေးက အမေ့ကို တော်တော့် မကျေမနပ်ဖြစ်နေတာ မေမေက အသုံးမကျတဲ့ အမေတစ်ယောက်ပါ သူနဲ့အတူနေလာတာ နှစ်အတော်လေး ကြာနေပြီဆိုပေမဲ့ သူ့ကို မိခင်မေတ္တာ မခံစားခဲ့စေရဘူး”

ရှီးနဉ်ဟာ သူမအမေ့ရဲ့လက်ကို ညင်ညင်သာသာလေးပုတ်ပေးကာ “သမီး အတိတ်တုန်းက မသိနားမလည်မိခဲ့ဘူး အမေနဲ့ အစ်ကို့ရဲ့ကြားထဲ ဆက်ဆံရေးကိုတောင် ပိုဆိုးအောင် လုပ်ခဲ့မိသေးတယ် သမီးအစ်ကိုရဲ့နှလုံးသားက အရမ်းကျိုးပဲ့လွယ်ပြီး အချစ်တွေအများကြီးကို လိုအပ်နေတာ ‌အနာဂတ်မှာ သူ့ရဲ့နှလုံးသားကို ဖွင့်ဖို့အတွက် သမီးတို့ အတူတူကြိုးစားကြစို့!”

🎉 Kamu telah selesai membaca Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED || 🎉
Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Tempat cerita menjadi hidup. Temukan sekarang