CHAPTER 4.3

11.1K 1.5K 11
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ရှီးနဉ် အလေးအနက်ထားပြီးပြောလိုက်တယ်။

“ငါ့မှာ ရည်းစားမရှိဘူး နင်လူမှားပြီးဖမ်းလာတာမဟုတ်ဘူးလား?”

ချူယင်းကျယ်က သူ့ရဲ့လက်ကောက်ဝတ်ကို မြှောက်ပြလိုက်တယ်။

“ဒီဒဏ်ရာကို တွေ့လား?”

ရှီးနဉ်  လှမ်းကြည့်လိုက်တော့ သွားအကွင်းလိုက်ရာကိုတွေ့လိုက်ရသည်။

“ခွေးကိုက်ခံရထားတာလား?”

ချူယင်းကျယ် က သူမကို အော်ငေါက်လိုက်သည်။

“ဒီလိုဖြစ်အောင် ကိုက်တာက မင်းလေ မင်းကိုယ်မင်းခွေးလို့ သိသွားပြီဆိုရင်တော့ ငါဝမ်းသာပါတယ် ဒီလိုဖြစ်အောင်ထိ ကိုက်နိုင်တဲ့မိန်းမကို ငါတစ်ခါမှမတွေ့ဖူးဘူး”

ရှီးနဉ်: “.....”

မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ တိုက်ရည်ခိုက်ရည် အစွမ်းကတော့ တကယ်ကို အံ့မခမ်းပဲ။

သူဒီအကြောင်းကိုပြောပြလိုက်တော့ ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တချို့က ရေးတေးတေး သတိရလာပြီး ရှီးနဉ်  နောက်ဆုံးတော့ ဒီလူက ဘယ်သူလဲဆိုတာကို သိလိုက်ရသည်။ ထို့နောက် ကောင်းမင်နဲ့ တခြားသူတွေ သူမကို ပြောကြတဲ့ ဒီနေ့ နန်ရှောင်း တောင်ပိုင်းကျောင်းရဲ့ခေါင်းဆောင်နဲ့ ရန်ဖြစ်မယ်ဆိုတဲ့အကြောင်းကို တွေးမိလိုက်သည်။

ဒီတော့ သူမရှေ့ကရပ်နေတဲ့သူဟာ အဲ့ဒီခေါင်းဆောင်ဆိုတဲ့တစ်ယောက်ဖြစ်နိုင်တယ်ထင်တယ် →_→

ဘဝမှာ သေခြင်းတရားနဲ့ ကြုံဖူးထားတဲ့သူဟာ...
ဒီလိုမြင်ကွင်းမျိုးကတော့ သူမကို ကြောက်ရွံစေမှာမဟုတ်ဘူး။

ရှီးနဉ်: “ဒါဆိုရင်တော့ နင် လူမှားဖမ်းလာပြီပဲ ပြီးတော့ နန်ရှောင်းနဲ့ ငါကလည်း ရည်းစားတွေမဟုတ်ဘူး”

ချူယင်းကျယ် သူ့လက်ကိုထပ်မြှောက်လိုက်ကာ

“ချစ်သူတွေမဟုတ်တာတောင် မင်းက သူ့အတွက်နဲ့ ငါ့ကို ဒီလိုမျိုးဖြစ်အောင်အထိကို ကိုက်တယ်ပေါ့?”

ရှီးနဉ် : “.....”

သူမက ဒါကို ယုံကြည်အောင် မဖြေရှင်းနိုင်ဘူးထင်တယ်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Место, где живут истории. Откройте их для себя