CHAPTER 1.2

13.2K 1.7K 23
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ရှီးနဉ် ထိုဝတ္ထုကို ဖတ်တုန်းကဆို သူမနဲ့နာမည်တူနေတဲ့ အမျိုးသမီးဇာတ်ရံလေးအတွက် အတော်လေး စိတ်မကောင်းဖြစ်မိခဲ့တယ်။ သူမက ချမ်းသာစွာ မွေးဖွားလာခဲ့တယ်။ သူမရဲ့မိဘတွေက‌လည်း သူမကို အပြည့်အဝချစ်ပေးကြတယ်။ သူမရဲ့အစ်ကိုကအစ ဖူးဖူးမှုတ် အလိုလိုက်ထားတယ်။ ဒါတောင် သူမက ကျေနပ်နိုင်မှုမရှိသေးဘူးလား??

သူမ ပြန်လည်မွေးဖွားလာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ အထူးသဖြင့် လီရှီးနဉ် ကနေ ရှီးနဉ်အနေနဲ့ ဖြစ်လာလိမ့်မယ်ဆိုပြီးတော့ပေါ့။

ကံကောင်းထောက်မတယ်ပဲပြောရမလား။ မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေအရဆို ထိန်းချုပ်လို့ မရလောက်အောင်ထိ ပြဿနာကမတက်သေးဘူးပဲ။

ထုန်လုက အခုမှကျောင်းကိုပြောင်းလာခါစပဲရှိသေးတဲ့အတွက် ရှီးနဉ်က ကျောင်းစာသင်ခန်းထဲကိုပိတ်ပြီး နေ့တိုင်း အနိုင်ကျင့်ရုံလောက်လေးပဲ ရှိဦးမှာ။ သူမက ယုတ်မာကောက်ကျစ်လှပြီး လူသားမဆန်တဲ့လုပ်ရပ်တွေ လုပ်ခဲ့သည့် အသိတရားမရှိ၊စိတ်ပျက်စရာကောင်းတဲ့ ရှီးနဉ် အဖြစ်အထိတော့ ဇာတ်ကြောင်းက မရောက်ရှိသေးဘူး။

ဒီလိုတွေးမိလိုက်တော့  လီရှီးနဉ်တစ်ယောက် အနည်းငယ်စိတ်သက်သာရာ ရသွားတော့သည်။

သူမ ကုတင်ဘေးက လူသုံးယောက်ကိုကြည့်ပြီး ရယ်လိုက်ပြီး ပြောလိုက်တယ်။

“သမီး သက်သာပါတယ်”

ဖခင်တစ်ယောက်က သူ့သမီးအတွက် အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးများဖြင့် ကြည့်နေတဲ့ သူမရဲ့အဖေကို ရှီးနဉ် ကြည့်လိုက်ပြီးနောက် မျက်နှာတစ်ခုလုံး မျက်ရည်တွေပြည့်နှက်နေတဲ့ သူမရဲ့အမေ လင်မော့ရွှယ်ကို  လှမ်းကြည့်လိုက်သည်။ အဲ့အပြင် သူ့ရဲ့မျက်နှာပေးက ဘာပဲဖြစ်ဖြစ် လျစ်လျူရှုထားလိုက်မယ်လို့ ခံယူထားတဲ့ သူမရဲ့အစ်ကိုလည်း အနားမှာရှိသေးသည်။

ဒါပေမဲ့ သေချာကြည့်မယ်ဆိုရင် သူ့ရဲ့မျက်လုံးထဲမှာ သူမကို ဘယ်လောက်တောင် စိုးရိမ်နေတယ်ဆိုတာကို အတိုင်းသာမြင်ရသည်။ သူတို့အားလုံးဟာ ရှီးနဉ် ရဲ့ မိသားစုဝင်တွေဖြစ်ပြီးတော့ ရှီးနဉ် တစ်ယောက် ခေါင်းမာပြီး ရိုင်းစိုင်းပြုမူတဲ့အပြုအမူတွေကြောင့် ထိခိုက်နစ်နာခဲ့သူတွေလဲ ဖြစ်တယ်။ ကြည့်ရတာ ဘုရားသခင်က သူမကို အခွင့်အရေးပေးလိုက်တဲ့ပုံပဲ။ သူမဟာ ယခုဆို ရှီးနဉ် ရဲ့ ဘဝထဲကို နေထိုင်သွားရတော့မှာ အခုကစပြီးတော့ မူလ ရှီးနဉ် ရဲ့ မိသားစုဟာ သူမရဲ့မိသားစုပဲဖြစ်တယ်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now