CHAPTER 2.2

11.7K 1.6K 22
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

သူတို့ဘေးနားလေးက ကောင်မလေးများက တစ်ဖန် ဆူညံကုန်ကြသည်။

“အားး ရှီးနဉ် ကို ငါအရမ်းမနာလိုတာပဲ နန်ရှောင်းက သူ့ကို ဒီလိုဖြစ်နေတဲ့အချိန်တောင် သူ့ကိုဆွဲထူပေးနေတုန်းပဲ”

“ဒီနေ့ကတော့ ခါးသီးတဲ့နေ့ရက်တစ်ရက်ပဲ ငါလည်းပဲ နန်ရှောင်းကော ရဲ့ လက်ကိုကိုင်ထားချင်တာပဲလေ”

သို့သော်လည်းပဲ ကြမ်းပြင်ပေါ်မှာ လဲကျနေတဲ့ သူမကတော့ သူကမ်းပေးလိုက်တဲ့ လက်ကို ဆွဲမကိုင်လိုက်ပေ။ သူမရဲ့ ဒူးခေါင်းကတော့ အတော်လေးနာနေတယ်။

သူမက အချိန်တော်တော်ကြာအောင် တုပ်တုပ်မှမလှုပ်တာကို မြင်ရတော့ နန်ရှောင်းရဲ့ ချောမောလှပတဲ့ မျက်နှာလေးက တဖြည်းဖြည်း မည်းပျက်လာ၏။

“မင်းဒီလောက် ခက်ခက်ခဲခဲ သရုပ်ဆောင်နေတာကို တစ်ခါမှ ငါမမြင်ဖူးသေးဘူးပဲ”

ဒီလိုနဲ့ သူဟာ ရှီးနဉ် ဆီ ခြေလှမ်းအနည်းငယ်လောက် ဆက်လှမ်းလိုက်ပြီး မအီမလည်ဖြစ်နေတဲ့ မျက်နှာပေးနဲ့ သူမရဲ့ မျက်နှာကိုကျောပေးကာ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။

ရှီးနဉ် တစ်ယောက် စိတ်ရှုပ်ထွေးသွားသည်။

“နင် ဘာလုပ်နေတာတုန်း?”

“မင်းဖြစ်စေချင်တဲ့အတိုင်း ကျောပိုးပေးမလို့လေ”

နန်ရှောင်းက ပြောလိုက်သည်။

“အားးးး စောက်ကျိုးနည်းလွန်းတဲ့ငါ့ဘဝပဲ!! နန်ရှောင်းကောက သူ့ကို ချီသွားမလို့တဲ့”

“ဒါက ဒီနေ့ရဲ့ ခေါင်းစီးပိုင်းသတင်းပဲဟေးး!! ဒီမိန်းမက မရိုးသားဘူးဆိုတာ ငါသိသားပဲ! သူက လက်ကလေးကိုင်ရုံနဲ့ပဲ ဘယ်ကျေနပ်နိုင်ပါ့မလဲ”

“အဟင့် အဟင့်...ငါအရမ်းစိတ်ဆင်းရဲသွားပြီ ငါဒီလိုအဖြစ်အပျက်ကြီးကို မနှစ်မြို့ပေမဲ့ ငါသည်းခံနိုင်ဖို့ လိုအပ်တယ် ဒါတွေ အားလုံးက ရှီးနဉ် ရဲ့ အကြံအစည်တွေပဲဖြစ်ရမယ်”

ထိုမိန်းကလေးအုပ်စုရဲ့  ပြောစကားတွေကို သူမနားထောင်လိုက်ရသောအခါ တစ်ဖန်ထပ်ပြီး သူမနားလေး နာကျင်သွားဟန်ပင်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now