CHAPTER 7.2

11K 1.5K 21
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

သူတို့နှစ်ယောက် မျက်လုံးချင်းဆုံမိသွားတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်သွားကာ နှစ်ယောက်သား  ရုတ်တရက် ထရယ်လိုက်မိ၏။
 
ရှီးနဉ်ကနေ စပြောလာသည်။

“တောင်းပန်ပါတယ် ကိုကို”
 

သူမက ရှီးနဉ် ရဲ့ ခန္ဓာကိုယ်ထဲရောက်နေပြီဆိုတော့ သေချာပေါက်  မူလခန္ဓာကိုယ်ရဲ့ တာဝန်ကိုတော့ ယူသင့်တယ်လေ။

ရှီးချန်ကို တောင်းပန်ဖို့ သူမအကြွေးကတင်နေသေး၏။
 

ရှီးချန် ခဏလောက်ကြက်သေ သေသွားရလောက်အောင်အထိကို အံ့အားသင့်သွားသည်။
 

သူ့ရဲ့စိတ်ထဲမှာ လိမ်ညာနေတယ်ဆိုတဲ့ အတွေးတွေနဲ့ ပြည့်နှက်နေ၏။ ရှီးနဉ်က သူ့အပေါ် ဂရုစိုက်ကြင်နာပေးနေတာတွေက အစစ်အမှန်တွေ မဟုတ်ဘူးလို့ သူခံစားနေရတယ်။ သူမက သူ့ကို ဆယ်နှစ်ကျော်ကြာ လောက်အောင်အထိကို အနိုင်ကျင့်ခဲ့တာလေ။ သူ့မှာက အဲ့လို ညီမမျိုးပဲ ရှိခဲ့တာ မဟုတ်ဘူးလား။
 

အခုကျတော့ သူမက ရုတ်တရက်ကြီး သူ့အပေါ်ကို ကောင်းလာတယ်ဆိုတာကလည်း  ထပ်ပြီးနောက်ပြောင်၊လှောင်ရယ်ဖို့လောက်ပဲလို့ သံသယဝင်မိသည်။ ဒီမတိုင်ခင်တုန်းကလည်း သူမက သူ့ကို အချိုတွေ ကျွေးလိုက်၊ ပါးရိုက်လိုက်လုပ်ခဲ့သေးတာပဲ။

[T/N: မြန်မာမှုပြုရမယ်ဆိုရင်“အနာပေးလိုက် ဆေးပေးလိုက်”နဲ့တူပါတယ်]
 

ဒါပေမဲ့ အရင်နှစ်ရက်ကတည်းက သူ့ညီမလေး ပြောင်းလဲသွားတယ်ဆိုတာ  သူသတိထားမိတယ်။ လူပိုပီသလာတယ်ပဲပြောရမလား။

ရှီးချန်ကတော့ သူမအခုလိုပြောင်းလဲသွားတဲ့ပုံစံကို တော်တော်လေးသဘောကျတယ် ဆိုပေမဲ့ ခဏလေးအတွင်းမှာပဲ အရင်ကပုံစံ ပြန်ဖြစ်သွားမှာကို  သူကြောက်မိတယ်။
 

အဲ့လို စိုးရိမ်စိတ်ပူမှုတွေနဲ့ သံသယဖြစ်နေတာတွေအားလုံးက သူမပါးစပ်ကနေ “တောင်းပန်ပါတယ်”ဆိုတဲ့ တိုးတိုးလေးရေရွတ်သံကို ကြားလိုက်ရတဲ့အချိန်မှာ ‘ဟတ်ချလောင်း’ဆိုပြီး ပျောက်ကွယ်သွားတယ်ထင်ပါရဲ့။
 

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||On viuen les histories. Descobreix ara