ယခုအချိန်က နွေဦးရာသီ​ဖြစ်ပေမယ့် လွီနင် ဆွယ်တာပွပွတစ်ထည်ဝတ်ခဲ့မိတာကို ဝမ်းသာမိသွားသည်။

ကျေးဇူးတင်စရာ ဆွယ်တာလေးပဲ။

ကားထဲကလူတွေ ဆင်းသွားတာကြောင့် တဖြည်းဖြည်း ထိုင်ခုံတွေလွတ်သွားပေမယ့် လွီနင်မထိုင်ခဲ့ပေ။ သူက လက်ကိုင်ကွင်းကိုသာဆွဲပြီး အဆုံးထိ မတ်တပ်ရပ်နေခဲ့သည်။

" ကောင်လေး ဒါက နောက်ဆုံးမှတ်တိုင်နော်။ " ကားဆရာက ကားမှန်ကနေတစ်ဆင့် သူ့ကို အသ်ိပေးလာသည်။

" ဟုတ် ဟုတ် "

လွီနင် ပြန်ဖြေပြီး ကားပေါ်က ဆင်းလိုက်သည်။ သူစိတ်ကို တည်ငြိမ်အောင်လုပ်လိုက်ပြီး သူ့စိတ်ထဲကနေ ပြဿနာတွေကို ဖြေရှင်းကြည့်ရမည်။

သူ့သတင်းက ဆေးရုံတစ်ခုလုံးကို အချိန်ခဏလေးနှင့် ပျံနှံ့သွားသည်။

"…သူပေါ့ ဓားထိုးခံလိုက်ရတာ။ "

"…ဘယ်လောက်နာလိုက်မလဲ..."

"… ဒီခေတ်ကြီးထဲ ငါသာဆို ဒီလိုလုပ်ရပ်မျိုး လုပ်နိုင်မှာ မဟုတ်ဘူး။ "

လူတိုင်းက သူ့ကို သနားသလိုလို ကိုယ်ချင်းစာသလိုလိုလုပ်ကြပေမယ့် တကယ်တော့ အတုအယောင်တွေသာ။

ကံကောင်းတာက သူ ဝေ့ဒါနှင့် အခန်းခွဲအိပ်ခဲ့တာပင်။ သူတို့ ဒီရက်ပိုင်း အရမ်းကြီးလည်း အနေမနီးတာကြောင့် အလွယ်တကူပဲ ဖုံးကွယ်ထားနိုင်သည်။

ထိုသို့မဟုတ်လျှင် သူဘယ်လိုတွေးမိနေမလဲ။ သူနဲ့ နေ့တိုင်းအတူနေနေတဲ့ သူညီလည်း AIDS ဖြစ်နိုင်တယ်ဆိုပြီးလေ။

လွီနင် ဘတ်စ်ကားမှတ်တိုင်မှာထိုင်လျှက် သွားလာနေသည့် ကားတွေနှင့် လမ်းသွားလမ်းလာတွေကိုသာ ကြည့်နေလေသည်။

ဒါမှသာ သူအိမ်မှာရှိနေချိန် ဘာမှမသိသေးသည့် သူ့ညီလေးကသာ ပုံမှန်အခြေအနေအတိုင်းပဲ ပြောဆိုဆက်ဆံနိုင်ပေလိမ့်မည်။

ငါ သူ့ကို မသိစေချင်ဘူး။ သူ့ကို မသိစေချင်ဘူး။
အရာရာတိုင်းကို ပုံမှန်အတိုင်းပဲဖြစ်စေချင်တယ်။ ဘာတစ်ခုလေးမှ ပြောင်းလဲသွားလို့ မဖြစ်ဘူး။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now