သူ့ညီလေးကို ပုံမှန်လောကထဲကို ပြန်ဆွဲခေါ်ဖို့ စဥ်းစားလိုက်မိပေမယ့် ဝေ့ဒါကရော ဘယ်လိုသဘောထားမလဲဆိုတာ သူမသိတော့။

ဘာကြောင့် ဒီလိုတွေ ဖြစ်သွားရတာလဲ...

ဒါက သမရိုးကျ မဟုတ်ဘူးလေ ...

သူက မိသားစုတစ်ခုအနေနဲ့သာ ချစ်ခြင်းမေတ္တာကို လဲလှယ်ချင်ခဲ့ရုံလေးပါ။

သူဘာအမှားတွေ လုပ်ခဲ့မိတာလဲ...

ဘာမှားခဲ့တာလဲ...

" လွီနင်... ဘာဖြစ်လို့လဲ။ "

လွီနင် သေချာမော့ကြည့်လိုက်တော့ ထောင့်နားမှာ သူ့ကိုကြည့်နေသည့် လျိုကျင်းကို တွေ့လိုက်ရသည်။ 

" ဇာတ်ကားတောင်ပြီးတော့မယ်။ ဝေ့ဒါက ပြန်လာပြီး နင်က အပြင်မှာကျန်ခဲ့တယ်ဆိုလို့ထွက်လာတာ။  နေမကောင်းလို့လား။ "

လွီနင် အိမ်မက်ထဲမှာ လမ်းလျှောက်နေတဲ့လူလို ဗလာကျင်းနေသည့် အကြည့်တွေနှင့် ပြန်ကြည့်လိုက်မိသည်။ လျိုကျင်းက ရယ်လိုက်သည်။

" ဘာဖြစ်တာတုန်း။ အဲ့ဒီပုံစံက... လာ... ငါကြည့်ပေးမယ်။ "

ရေနစ်နေသူတစ်ယောက်က ကောက်ရိုးတစ်မျှင်ကိုဆွဲသလို လွီနင် လျိုကျင်းလက်ကိုဆွဲပြီးထလိုက်ကာ လျိုကျင်းကို ဖက်လိုက်သည်။

" အမ်…"

လွီနင် တစ်ခါမှ ဒီလိုအပြုအမူမျိုးမလုပ်ဖူးသည့်အတွက် လျိုကျင်းအံ့သြသွားပေမယ့်  သဘောတကျ ပြုံးလိုက်သည်။

ရုပ်ရှင်ပြီးသွားပြီဖြစ်၍ ပရိသတ်တွေက နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ ထွက်လာကြသည်။ တစ်ယောက်နှင့်တစ်ယောက် ဖက်ထားကြသည့် စုံတွဲကို သိပ်ပြီး အာရုံမထားကြပေ။

ဒါကမှ တကယ့်လူ့လောကပဲ။

လျိုကျင်းကို ဖက်ထားရင်း ရုပ်ရှင်​ပြီးလို့ ထွက်လာ​​ကြသည့် လက်တွဲထားကြသော မိသားစုသုံးယောက်ကို ကြည့်လိုက်သည်။

ဒါကမှ ပုံမှန်မိသားစုပင်။

သူ အရမ်းကြီးမရူးနှမ်းသေးဘူး။ သူလမ်းမှန်ကို ပြန်ပြောင်းလို့ ရနိုင်သေးသည်။

Nowhere to Go (Myanmar Translation) ✔️Where stories live. Discover now